ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့တဲ့ အမေရိကန်ကျောင်းဆရာ

16.10.23-yyl-1.jpg

အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ်ပြည်နယ်မှ အလယ်တန်းပြ ကျောင်းဆရာတစ်ဦးဟာ လူမှုရေးဘာသာရပ် ဆရာအဖြစ် ၅၃ နှစ်တိုင်တိုင် သင်ကြားပြသပေးခဲ့တာကြောင့် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။

ဂါနီးမြို့မှာ နေထိုင်တဲ့ အသက် ၇၆ နှစ်အရွယ် ကျောင်းဆရာ ပေါဒူရီယက်ဇ်ဟာ ၁၉၇၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်ကစပြီး ဝုဒ်လန်းအလယ်တန်းကျောင်းမှာ လူမှုရေးဘာသာရပ် ဆရာအဖြစ် စတင်ဆောင်ရွက်ခဲ့တာပါ။ သူဟာ လူမှုရေးဘာသာရပ်ဆရာအဖြစ် အချိန်အကြာဆုံး ဆောင်ရွက်ခဲ့လို့ ဂင်းနက်စ်စံချိန် တင်ခဲ့တာပါ။

” ငယ်ငယ်ကဆိုရင် အဖေက (ဒုတိယကမ္ဘာစစ်အတွင်း) ဂျာမန်ဗုံးခိုကျင်းတွေထဲ ဝင်ရောက်တိုက်ခိုက်တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြတယ်။ အဲဒီကနေပဲ သမိုင်းကို စိတ်ဝင်စားလာခဲ့တာပါ”လို့ ပေါဒူရီယက်ဇ်က ဆိုပါတယ်။

သူ တပည့်တစ်ယောက် လူမှုရေးဘာသာရပ်ဆရာ ဖြစ်လာခဲ့တဲ့နေ့ဟာ သူ့ဘဝရဲ့ ဂုဏ်ယူရဆုံးအချိန်ပဲလို့ ပေါဒူရီယက်ဇ်က ပြောပါတယ်။ ” ကိုယ် စိတ်အားထက်သန်တဲ့အလုပ်ကို စဉ်ဆက်မပြတ် လုပ်သွားဖို့ပါပဲ။ ဒါဟာ ကမ္ဘာ့စံချိန်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

Ref: Illinois teacher’s 53-year career earns world record

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top