ဒါက ဂစ်တာတစ်လုံးမဟုတ်ပါဘူး။ တောအုပ်တစ်ခုပါ။ ကွယ်လွန်သွားတဲ့ ချစ်ဇနီးကို လွမ်းဆွတ်တသစိတ်နဲ့ အာဂျင်တီးနားတောင်ယာသမား အူရီတာက ဂစ်တာပုံ တောအုပ်ကို ပုံဖော်စိုက်ပျိုးခဲ့တာပါ။ မိုင်ဝက်ကျော် ရှည်လျားတဲ့ ဒီတောအုပ်ထဲမှာ ထင်ရှူးပင်နဲ့ ယူကလစ်ပင်ပေါင်း ၇၀၀၀ ကျော် ရှိပါတယ်။
အူရီတာရဲ့ဇနီး ဂရာစီယယ်လာဟာ ၁၉၇၇ ခုနှစ်က အသက် ၂၅ နှစ်အရွယ်မှာ အိမ်က ပျောက်ဆုံးသွားပြီးနောက် သေဆုံးသွားခဲ့တာပါ။ ဂရာစီယယ်လာရဲ့အိပ်မက်က သူ့ခင်ပွန်း၊ သားသမီးတွေနဲ့အတူ ဂစ်တာပုံစံ တောအုပ်ထဲမှာ ရှင်သန်နေထိုင်သွားချင်တာပါပဲ။ အဲဒါကြောင့် အူရီတာက ဂစ်တာပုံ တောအုပ် စိုက်ပျိုးခဲ့တာပါ။ အူရီတာဟာ ဒီတောအုပ်ကို ပုံဖော် စိုက်ပျိုးဖို့ ၅ နှစ်ကြာ အချိန်ယူခဲ့ရပါတယ်။
Ref:GUITAR FOREST, THE FOREST-SHAPED GUITAR THAT TELLS A LOVE STORY
NZ (ရိုးရာလေး)