ကမ္ဘာ့ဂင်းနက်စ်စံချိန် (၃) ခုကို ချိုးခဲ့တဲ့ မျက်မမြင်မြင်းတစ်ကောင်

15-12-2022-yyl-41.jpg

အန်ဒို အမည်ရတဲ့ အသက် ၂၂ နှစ်အရွယ် မျက်မမြင်မြင်းတစ်ကောင်က ကမ္ဘာ့ဂင်းနက်စ်စံချိန် (၃) ခု ချိုးခဲ့ပါတယ်။ “Endo the Blind” လို့လည်း လူသိများတဲ့ အန်ဒိုဟာ မျက်မမြင်မြင်းတစ်ကောင်အနေနဲ့ ၃ ပေ ၅.၇၃လက်မထိ အမြင့်ဆုံးအလွတ်ခုန်နိုင်တဲ့ စံချိန်၊ (၁) မိနစ်အတွင်း အများဆုံးခုန်ပြန်လှည့်တာလုပ်နိုင်တဲ့ စံချိန်၊ မျက်မမြင်မြင်းတစ်ကောင်က ၆.၉၃ စက္ကန့်နဲ့ တိုင် (၅) တိုင်ကို အမြန်ဆုံးကွေ့ပတ်ရှောင်ကွင်းသွားလာနိုင်တဲ့ စံချိန်တွေကို ချိုးခဲ့တာပါ။

အခုလို အန်ဒို အောင်မြင်မှုရဖို့ အချိန်ယူပြီး ကြိုးစားအားထုတ်ခဲ့ရတယ်လို့ သူ့ပိုင်ရှင် မောဂန် ဝါဂ်နာက ပြောပါတယ်။ အန်ဒိုက အသက် ၈ နှစ်မှာ Equine Recurrent Uveitis လို့ခေါ်တဲ့ မြင်းတွေမှာ အဖြစ်များပြီး မျက်စိရေတိမ်၊ အတွင်းတိမ်ဖြစ်တဲ့ ရောဂါကို ခံစားခဲ့ရတာပါ။ (၅) နှစ်အကြာမှာ အန်ဒိုဟာ လုံးဝမျက်စိကွယ်သွားခဲ့ပါတယ်။

အစက အန်ဒိုဟာ အရမ်းကြောက်တတ်တယ်။ အဲဒါကြောင့် မောဂန်က သူ့ကို စပါးကျီတစ်ဝိုက် လမ်းလျှောက်ဖို့ ခေါ်သွားခဲ့တယ်။ အဲဒီနောက် အိမ်နားတစ်ဝိုက် လမ်းလျှောက်ထွက်ဖြစ်ခဲ့တယ်။ နောက်တော့ အန်ဒိုက ယှဉ်ပြိုင်တာနဲ့ခုန်တာလို သူ နှစ်သက်ခဲ့တဲ့အရာတွေကို လုပ်ဖို့ ယုံကြည်ချက်ပြန်လည်ရရှိခဲ့တယ်။ အမြင့်ဆုံးအဆင့်နဲ့ အမျိုးသားချန်ပီယံဖြစ်လာခဲ့တဲ့ ပြိုင်ပွဲတွေကနေ ရခဲ့တဲ့ သူ့ရဲ့အရင်အတွေ့အကြုံတွေဟာ သူ့ကို ထပ်ပြီးခုန်တတ်အောင် သင်ယူဖို့ အကူအညီဖြစ်ခဲ့တယ်လို့ မောဂန်က ဆိုပါတယ်။

Ref: CBSNewds “Blind horse sets three Guinness World records: “They’re still capable of anything””

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top