ကလေးငယ် ၄ ဦးကို ဂူအတွင်းကနေ အောင်မြင်စွာ ခေါ်ထုတ်နိုင်ခဲ့ပြီး သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေလည်း ကောင်းမွန်နေ

p06d68fz.jpg

ထိုင်းနိုင်ငံမြောက်ပိုင်းက လိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ ကလေးငယ် ၁၂ ဦး နဲ့နည်းပြတို့ကို ဂူအပြင်ဘက် ပြန်ခေါ်ထုတ်မယ့် လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့အကြီးအကဲက ပြောခဲ့ပါတယ်။ ဂူအတွင်းကနေ ကလေးငယ် ၄ ဦးကို ဇူလိုင် ၈ ရက် ညပိုင်းအချိန်မှာ အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပြီး ကလေးတွေရဲ့ ကျန်းမာရေးကလည်း ကောင်းမွန်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

အောက်ဆီဂျင်ဘူးတွေ အစားထိုးလဲလှယ်ဖို့ လိုအပ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အနည်းဆုံး ၁၀ နာရီကြာလောက် ရပ်ထားဖွယ်ရှိနေပါတယ်။ ဂူအတွင်း ရေကြီးမှု ဆက်လက်ဖြစ်ပေါ်မှာ စိုးရိမ်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဇူလိုင် ၈ ရက် နံနက်ပိုင်းမှာ ကလေးငယ်တွေကို ဂူအတွင်းက ကယ်ထုတ်ဖို့ လုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ နောက်ထပ် ကယ်ဆယ်မှုတွေကို တနင်္လာနေ့ နံနက်ပိုင်းမှာ စတင်မှာဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သလို ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး အိုဆက်တာနာခရွန်က ပြောပါတယ်။

ရေငုပ်သမားတွေဟာ ကလေးငယ်တွေကို ဂူအတွင်းက မှောင်နေပြီး ကျဉ်းမြောင်းလွန်းတဲ့ ဂူလမ်းကြောင်းကနေ ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်မှုလုပ်ငန်းတွေ လုပ်နေချိန်မှာ မိုးရွာသွန်းမှု မရှိခဲ့တာကြောင့် ကလေးတွေကို ဂူအပြင်ဘက်ဆီ အောင်အောင်မြင်မြင် ကယ်ထုတ်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မျှော်လင့်တာထက် စောပြီး ပထမအသုတ်အနေနဲ့ အောင်မြင်စွာ ခေါ်နိုင်ခဲ့တာဖြစ်ပြီး ကလေးတွေကို ဂူအပြင်ကို ထုတ်လာခဲ့ပြီးတဲ့နောက် ချင်းရိုင်ခရိုင် ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Ref: BBC Four boys freed but rest must wait

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top