ကမ္ဘာ့ပထမဆုံး အစက်အပြောက်မပါတဲ့ သစ်ကုလားအုတ်လေး

23.8.23-yyl-15.jpg

ကမ္ဘာပေါ်က သစ်ကုလားအုတ်တိုင်း ခန္ဓာကိုယ်မှာ အစက်အပြောက်တွေ ပါပေမဲ့ တန်နက်ဆီတိရစ္ဆာန်မှာတော့ အစက်အပြောက်လုံးဝမပါတဲ့ သစ်ကုလားအုတ်လေးတစ်ကောင် မွေးဖွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က တန်နက်ဆီပြည်နယ်၊ လိုင်းစတုန်းမြို့၊ ဘရိုက်တိရစ္ဆာန်ရုံမှာ မွေးခဲ့တာပါ။

သစ်ကုလားအုတ် ကျွမ်းကျင်ပညာရှင်တွေကတော့ ကမ္ဘာ့ပထမဆုံး အစက်အပြောက်မပါတဲ့ သစ်ကုလားအုတ်ဖြစ်မယ်လို့ ယူဆထားပါတယ်။ သစ်ကုလားအုတ် သားပေါက်လေးဟာ ရက်သားအရွယ်ပဲ ရှိသေးပေမဲ့ ၆ ပေ အရွယ်အစားအထိ ရှိနေပါပြီ။

Ref: World’s Only Spotless Giraffe Born At Tennessee Zoo

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top