မိုအာနာဇာတ်ကားမှ Maui က သူ့အဖေဆိုတာကို မယုံကြည်နိုင်ဖြစ်နေတဲ့ The Rockရဲ့သမီးလေး

27-5-2020-yyl-031.jpg

Maui ဇာတ်ကောင်က သူဖြစ်တယ်ဆိုတာကို သူ့ရဲ့သမီးလေး ယုံကြည်လာအောင် ရှင်းပြလို့မရခဲ့ဘူးလို့ သူ့ရဲ့အင်စတာဂရမ်မှာ ပြောထားပါတယ်။ သူက သမီးငယ်လေး တီအာ (အသက် ၂ နှစ်) ကို သူက Maui ပါဆိုတာကို ဖျောင်းဖျပြောဆိုဖို့ကြိုးစားနေတဲ့ ဟာသဗီဒီယိုကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ မိုအာနာနဲ့သူငယ်ချင်းဖြစ်သွားတဲ့ Maui က တကယ်တော့ သူပါလို့ သူ့သမီးကို ပြောတဲ့အခါမှာ သူ့သမီးရဲ့ယုံကြည်မှုကို မရခဲ့ဘူးလို့ The Rock က ပြောပါတယ်။

ဇာတ်ကားထဲကို ပုံစံအတိုင်း အသံ၊ သီချင်းတွေနဲ့ ဆွဲဆောင်ပြောဆိုခဲ့ပေးမယ့်လည်း သူ ဘယ်လောက်ကြိုးစားကြိုးစား သူ့သမီးလေး တီနာက မယုံကြည်ခဲ့ပါဘူး။ အင်စတာဂရမ်မှာ တင်ထားတဲ့ဗီဒီယိုမှာ The Rock က သူ့သမီးတီအာကို ပေါင်ပေါ်မှာတင်ပြီး Maui ဇာတ်ကောင်သီချင်းဆိုနေတာကို ကြည့်နေရင်း သူက သီချင်းစာသားတွေကိုတောင် လိုက်ဆိုနေတာကို တွေ့ရမှာပါ။ အဲဒီဇာတ်ကားဟာ လွန်ခဲ့တဲ့ (၄) နှစ်က ထွက်ရှိခဲ့တာဖြစ်ပေမယ့် The Rock က ဂီတစာသားတွေကို သူ့ခေါင်းထဲမှာ မှတ်မိနေတုန်းပါပဲ။ Maui ရဲ့ ဖျော်ဖြေတင်ဆက်မှုပြီးသွားတော့ The Rock က သူ့သမီးလေးကို ဒယ်ဒီက Maui လို့ထင်လားလို့ ပြုံးပြီး မေးလိုက်တော့ သူ့သမီးလေးက “No” လို့ ပြန်ဖြေခဲ့တာဖြစ်ပါတယ်။ အဲဒါနဲ့ The Rock က အခေါက်ခေါက်ခါခါ သီချင်းဆိုပြခဲ့ရပါတယ်။ “ဂုဏ်သရေရှိလူကြီးမင်းများအပေါင်းတို့ ကျွန်တော့်ကလေး တီအာ နောက်ဆုံးမှာတော့ ယုံသွားပါပြီ။ အို…ခဏစောင့်ပါ။ စိတ်မရှိပါနဲ့။ ဒယ်ဒီက တကယ် Maui ဆိုတာကို မယုံကြည်သေးပါဘူးတဲ့”

The Rock က သူဟာ Maui ဆိုတာကို ထပ်ပြီးသက်သေမပြတော့ပါဘူး။ သူ့ခြေရာနင်းနေတဲ့ သူ့သမီးအကြီးဆုံး ဆီမွန်နီကို ချီးမွှမ်းခန်းဖြစ်နေပါတယ်။ ဆီမွန်နီက ပရောဖက်ရှင်နယ်နပန်းသမားဖြစ်လာဖို့အတွက် WWE နဲ့စာချုပ်ချုပ်ဆိုထားပါတယ်။ အဲဒီအကြောင်းကို The Jimmy Fallon Show မှာ ပြောခဲ့ဖူးပါတယ်။ ဆီမွန်နီက အခုအသက် (၁၈) နှစ်ရှိပါပြီ။ သူ့အသက် (၁၆) နှစ်ကတည်းက နပန်းသမားဖြစ်လာဖို့ လေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။ The Rock ကတော့ သူ့သမီးအတွက် အရမ်းဂုဏ်ယူနေရပါတယ်။ The Rock ကလည်း သရုပ်ဆောင်လောကထဲကို မဝင်ခင်က WWE နဲ့ နပန်းသမားလောကမှာ (၈) နှစ်တာ ကျင်လည်ခဲ့တာဖြစ်ပါတယ်။

ဗီဒီယို

Ref: The Rock’s daughter still doesn’t believe he is Maui in Moana despite his best efforts to impress her

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top