Marvel ဇာတ်ကောင်တွေရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ တကယ့်ရုပ်အစစ်အမှန်များ

12690860-63691560-3b4626d407efb0d0e028495ca362806e6b0a608f-1500-1-1558353622-728-804fb19583-1558700105.jpg

Marvel ရုပ်ရှင်တွေမှာ ပါဝင်ကြတဲ့ ဟီးရိုးတွေကော၊ ဗီလိန်တွေပါ အရမ်းနာမည်ကြီးကြပြီး ကမ္ဘာတစ်ဝန်းလုံးက ရုပ်ရှင်ကြည့်ရူသူ သန်းချီတွေကို ဆွဲဆောင်ထားနိုင်လောက်အောင် Box Office မှတ်တမ်းတွေကိုတောင် ဖြတ်ကျော်သွားခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်တွေက Marvel ရုပ်ရှင်ရဲ့ ဇာတ်ကောင်တွေအဖြစ် ပြောင်းလဲဖို့အတွက် မိတ်ကပ်ပညာနဲ့လိမ်းခြယ်ထားရတာကြောင့် သူတို့ရဲ့ တကယ်ရုပ်အစစ်မှန်ကို ပရိသတ်တွေက မြင်တွေ့ခွင့်မရကြပါဘူး။ ဒါကြောင့် Marvel ဟီးရိုးတွေ၊ ဗီလိန်တချို့ရဲ့မျက်နှာဖုံးနောက်ကွယ်က တကယ့်ရုပ်အစစ်မှန်တွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

နီဘူလာ (Nebula) – ကရန် ဂေးလ်လန် (Karen Gillan)

နီဘူလာဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ ကရန် ဂေးလ်လန်က စကော့တလန်က မင်းသမီးတစ်ယောက်ပါ။ သားနို့စ်ရဲ့သမီးဖြစ်လာဖို့အတွက် သူ့ရဲ့ဆံပင်အရှည်ကို ဆုံးရှုံးလိုက်ရပါတယ်။ သူ့ရဲ့မိတ်ကပ်ခြယ်သမှုက ခက်ခဲဆုံးအရာတွေထဲက တစ်ခုပါပဲ။ နီဘူလာဇာတ်ကောင်ဖြစ်လာဖို့ မိတ်ကပ်ခြယ်သမှုက လေးနာရီဝန်းကျင်လောက် အချိန်ယူရပြီး မိတ်ကပ်ဖျက်ပစ်ဖို့အတွက် မိနစ် (၃၀) အချိန်ယူရပါတယ်။

သားနို့စ် (Thanos) – ဂျော့ရှ်ဘရိုလင် (Josh Brolin)

၂၀၁၂ခုနှစ်ရဲ့ The Avengers ရုပ်ရှင်ကားမှာ စပြီး ဗီလိန် သားနို့စ် အဖြစ် ပါဝင်လာခဲ့တဲ့ ဂျော့ရှ်ဘရိုလင်က ဇာတ်ကောင်ပီပြင်ဖို့အတွက် သရုပ်ဆောင်တွေရဲ့ရုပ်ရည်ပေါ် မူတည်ပြီး ဆန်းကြယ်တဲ့ဇာတ်ကောင်တွေ ဖန်တီးပေးတဲ့ ကွန်ပျူတာ နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။

ဂါမိုရာ (Gamora) – ဇိုဝီဆာလ်ဒါးနား (Zoe Saldana)

ဇိုဝီဆာလ်ဒါးနားက Avatar ရုပ်ရှင်ကားမှာတော့ ကွန်ပျူတာနည်းပညာတွေနဲ့ သူ့ရဲ့ဇာတ်ကောင်ကို ဖန်တီးထားတာပါ။ Guardians of the Galaxy မှာ သူ့ကို မိတ်ကပ်ဆရာတွေက ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။ သားနို့စ်ရဲ့သမီး ဂါမိုရာဖြစ်ဖို့အတွက် မိတ်ကပ်ခြယ်သဖို့ (၅) နာရီဝန်းကျင် အချိန်ယူရပါတယ်။

Drax the Destroyer – ဒေ့ဗ် ဘော်တစ်စတာ (Dave Bautista)

Guardians of the Galaxyမှာ ပါဝင်တဲ့ ဇာတ်ကောင်ဖြစ်ဖို့အတွက် ဒေ့ဗ်ရဲ့ခန္ဓာကိုယ်ကို ဆေးမှုတ်ထားပြီး အနီရောင်ဆီလီကွန်အမာရွတ်တွေကို ဆေးမှုတ်ထားတဲ့ခန္ဓာကိုယ်အပေါ်မှာ ကပ်ပေးရတာဖြစ်ပါတယ်။ ဇာတ်ကောင်တစ်ခုလုံးဖြစ်သွားဖို့အတွက် နာရီတော်တော်ကြာကြာ အချိန်ယူရပါတယ်။

မန်းတစ် (Mantis) – ပွန် ကယ်မန်တိုင် (Pom Klementieff)

ပွန် ကယ်မန်တိုင်က Guardians of the Galaxy Vol.2 မှာ ပထမဆုံး ပါဝင်ဖြစ်ခဲ့တာပါ။ သူက မန်းတစ်ဆိုတဲ့ ဇာတ်ကောင်ဖြစ်ဖို့အတွက် အနက်ရောင်မျက်ကပ်မှန်ကို ဝတ်ဆင်ရပြီး ကွန်ပျူတာ နည်းပညာနဲ့ဖန်တီးထားရတာလည်းဖြစ်ပါတယ်။

Vision – ပေါလ် ဘက်တနီ (Paul Bettany)

ပေါလ် ဘက်တနီက စက်ရုပ် Visionအနေနဲ့ ပါဝင်ဖို့အတွက် အနီရောင်မျက်နှာဖုံးနဲ့ ဆီလီကွန်များစွာကို အသုံးပြုဖန်တီးဖို့အတွက် (၃) နာရီကျော် အချိန်ယူရပါတယ်။

တာလော့စ် (Talos) – ဘန်း မန်းဒယ်ဆို (Ben Mendelsohn)

Captain Marvelမှာ ပါဝင်ခဲ့တဲ့ ဘန်း မန်းဒယ်ဆိုက တာလော့စ်ဇာတ်ကောင်အတွက် သူ့ရဲ့ခေါင်းမှာ ဆီလီကွန်တွေ ဝတ်ဆင်ထားရသလို နားရွက်အတု၊ မျက်ကပ်မှန်တွေ တပ်ထားရတာဖြစ်ပါတယ်။

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top