လက်တင်အမေရိကနိုင်ငံတွေထဲက နေတိုးအဖွဲ့နဲ ကမ္ဘာ့ၻမိတ်ဖက်နိုင်ငံအဖြစ် ပထမဆုံးဆောင်ရွက်ခွင့်ရတဲ့ ကိုလံဘီယာ

nato-intl.jpg

ကိုလံဘီယာနိုင်ငံဟာ လာမယ့် သီတင်းပတ်မှာ မြောက်အတ္တလန္တာစာချုပ်အဖွဲ့ နေတိုးအဖွဲ့ အဖွဲ့ဝင်နိုင်ငံထဲကို ဝင်ရောက်မှာဖြစ်ပြီး လက်တင်အမေရိကနိုင်ငံတွေထဲမှာ နေတိုးအဖွဲ့ထဲကို ပထမဆုံးဝင်ရောက်တဲ့ နိုင်ငံဖြစ်လာခဲ့တယ်လို့ ကိုလံဘီယာသမ္မတ ဂျွန်မာနုရယ် ဆန်တိုစ့်ကပြောဆိုခဲ့ပါတယ်။

ကိုလံဘီယာဟာ နေ တိုးအဖွဲ့ထဲကို ဝင်ရောက်ပေမယ့် စစ်ရေးဆောင်ရွက်ချက် လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မှာမဟုတ်ဘဲ ကမ္ဘာမိတ်ဖက်နိုင်ငံအဖြစ်သာ ဝင်ရောက်တာဖြစ်ပါတယ်။ အဖွဲ့ဝင် ၂၉ နိုင်ငံရှိတဲ့ နေတိုးအဖွဲ့ဟာ ၂၀၁၇ ခုနှစ်မေလက ကိုလံံံံံံံံံဘီယာနဲ့ မိတ်ဖက်နိုင်ငံပြုလုပ်ရေး သဘောတူညီချက် ရရှိခဲ့တယ်လို့သိရပါတယ်။ ကိုလံဘီယာသမ္မတ ဆန်တိုစ့်ဟာ ကိုလံဘီယာလက်နက်ကိုင်အဖွဲ့နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် နေတိုးအဖွဲ့ဟာ ကိုလံဘီယာကို မိတ်ဖက်နိုင်ငံအဖြစ် ဆောင်ရွက်ဖို့ သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာဟာ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်မှုမှ အကျိူးကျေးဇူးများစွာရနေတယ်လို့ ကိုလံဘီယာသမ္မတကေ ပောပါတယ်။ ကိုလံဘီယာနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုအပြင် အခြားနိုင်ငံတွေဆီကနေ အကူညီလိုအပ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ကိုလံဘီယာနဲ့ မိတ်ဖက်နိုင်ငံအဖြစ်ဆောင်ရွက်မှုကြောင့် ဆိုက်ဘာ၊ ရေကြောင်းလုံခြုံရေး၊ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုနဲ့ ဆက်နွယ်တဲ့ အရာတွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နေတိုးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့ကလည်း ကိုလံဘီယာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံသစ်အဖြစ် ခွင်ပြုခဲ့ပြီးနောက် နေတိုးအဖွဲ့ဟာ ကိုလံဘီယာနိုင်ငံကို လက်တင်အမေရိက နိုင်ငံတွေထဲမှာ မိတ်ဖက် ဆောင်ရွက်မယ့် ပထမဆုံးနိုင်ငံအဖြစ် ခွင်ပြုခဲ့တာဖြစ်ပါတယ်။

 

Ref: .. Reuter “Colombia to be NATO’s first Latin American global partner”

Kaung Htet Ngwe (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top