ငှက်ပျောသီးမှာ AIDS တိုက်ဖျက်ပေးမယ့် ဆေးဓာတ် တွေ့ရှိ

green-banana-large.jpg

ဗြိတိန်မှ ဆေးပညာနဲ့ သုတေသန ဌာန တစ်ခုဟာ ငှက်ပျောသီးမှာ AIDS ကို တိုက်ဖျက်နိုင်တဲ့ ဆေးဓာတ် တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။

ယင်းတွေ့ရှိမှုဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ အချိန်တုန်းက ထုတ်ဖော် မပြောခဲ့ခြင်းက ယင်းဟာ Stable မဖြစ်ပဲ အခြားသော side effect ကြီးကြီးမားမား များကို ဖြစ်စေလို့ ဖြစ်ပါတယ်။ ယခုတော့ မဖြစ်စေတော့ ပါဘူး။

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ် တစ်မျိုးရှိပြီး ယင်းကို banana lectin သို့မဟုတ် BanLec’ လို့ ခေါ်ပါတယ်။ ယင်း ဓာတ်ဟာ ဘာတွေကို တိုက်ဖျက်နိုင်သလဲဆို hepatitis C, flu နဲ့ AIDS တို့ကို တိုက်ဖျက်နိုင်ပါတယ်။ ပထမဦးဆုံး အနေနဲ့ hepatitic C နဲ့ flu ရှိတဲ့ ကြွက်များနဲ့ စမ်းသပ်တဲ့အခါ အောင်မြင်သွားပါတယ်။ AIDS ကိုကျတော့ AIDS ပိုးရှိနေတဲ့ သွေးထဲကို ယင်း ဓာတ်ထည့်သွင်းပြီးတော့ စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး AIDS ပိုးဟာ ပျောက်ကွယ်သွား ပါတယ်။

ငှက်ပျောသီးကို တိုက်ရိုက ္စားသုံးခြင်းနဲ့ကတော့ ရောဂါ ပျောက်ကင်းဖို့ မဖြစ်နိုင်ပါ။ အကြောင်းကတော့ ယင်း BanLec ဓာတ်ကို ငှက်ပျောသီးကနေ ပြန်လည် လုပ်ယူ ဖန်တီးယူထားတာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ယူလို့ ရပြီး စမ်းသပ်တဲ့ အခါမှာ AIDS ပိုးကို တကယ်ပဲ တိုက်ဖျက်နိုင်တာကြောင့် အနာဂတ်မှာ AIDS ကို တိုက်ဖျက်မယ့် အလားအလာရှိတဲ့ ဆေးတစ်မျိုး အဖြစ် ငှက်ပျောသီးကို ထည့်သွင်း လိုက်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top