အသက် ၁၂ နှစ်အောက်ကလေးတွေ ထိုးနှံဖို့ ခွင့်ပြုချက်ရထားတဲ့ Pifzer ကိုဗစ်ကာကွယ်ဆေးအကြောင်း သိကောင်းစရာ

11-4-2021yyl6.jpg

အခုဆိုရင် အမေရိကန်နိုင်ငံက အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေး ၂၈ သန်းက Pfizer ကာကွယ်ဆေးကို ထိုးနှံရတော့မှာဖြစ်ပါတယ်။ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနရဲ့ခွင့်ပြုချက်ကို ရရှိထားပြီဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာနဟာ ကာကွယ်ဆေးအကြံပေးအဖွဲ့က ထောက်ခံပေးပြီးတဲ့နောက်မှာ ဒီအသက်အရွယ်အပိုင်းအခြားအတွက် ကာကွယ်ဆေးကို တရားဝင်အသုံးပြုဖို့ အကြံပြုထားကြောင်း နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာက အသက် ၁၂ နှစ်အောက်ကလေးတွေအတွက် ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ ပြီးခဲ့တဲ့အပတ်က ခွင့်ပြုချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကလေးတွေက ကိုဗစ်ကာကွယ်ဆေးကို ဘယ်အချိန်မှာ ထိုးနှံလို့ရမလဲ

ကာကွယ်ဆေးဝန်ဆောင်မှုပေးတဲ့သူတွေကတော့ နိုဝင်ဘာ ၃ ရက်နေ့ထက်စောနိုင်သမျှ စောပြီး ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ထားတာပါ။ ဖက်ဒရယ်ကျန်းမာရေးအာဏာပိုင်တွေက လာမယ့်အပတ်မှာတော့ ကာကွယ်ဆေးများများရရှိပြီး ကလေးတော်တော်များများ ထိုးနှံခွင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ဖက်ဒရယ်ကျန်းမာရေးအာဏာပိုင်တွေက ကာကွယ်ဆေးအဆင့်သင့်ထိုးနှံလို့ရတဲ့နေရာတွေကို vaccines.gov ကနေ ရှာဖွေကြည့်ဖို့ တိုက်တွန်းထားပါတယ်။ ကလေးတွေအတွက် ကာကွယ်ဆေးကတော့ နေရာတော်တော်များများမှာ ရနိုင်ပါတယ်။ ကလေးဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဆေးခန်းတွေ၊ ဆေးဆိုင်တွေ၊ ကျောင်းအခြေပြုဆေးခန်းတချို့နဲ့ ကာကွယ်ဆေးထိုးလို့ရတဲ့ရပ်ကွက်ထဲက နေရာတွေမှာ ရနိုင်ပါတယ်။

CDC စစ်တမ်းကောက်ယူခဲ့တဲ့ မိဘတွေထဲက (၃) ပုံ (၁) ပုံနီးပါးက သူတို့ ပြနေကျဆရာဝန်တွေရဲ့ဆေးခန်းမှာပဲ ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ လိုလားကြပါတယ်။

Pifzer ကိုဗစ်ကာကွယ်ဆေးက ဘယ်လောက်ကျသင့်မလဲ

Pifze ကိုဗစ်ကာကွယ်ဆေးက အမေရိကန်ကလေးတွေနဲ့ လူကြီးတွေအားလုံးအတွက် အခမဲ့ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးမယ့်သူတွေက ထိုးနှံမယ့်သူတွေဆီက ပိုက်ဆံမတောင်းဘဲ ထိုးနှံပေးဖို့လိုအပ်ပြီး အသက်အာမခံဆောင်မထားတဲ့သူတွေကိုလည်း ကာကွယ်ဆေးထိုးမပေးဘူးလို့ ငြင်းဆိုခွင့်မရှိပါဘူး။

ကလေးတွေအတွက် ကာကွယ်ဆေးက ဘယ်လိုကွာခြားလဲ။

ကလေးတွေအတွက် Pfizer ကာကွယ်ဆေးကို သုံးပတ်ခြားပြီး နှစ်ကြိမ်ထိုးပေးပါတယ်။ ထိုးဆေးတစ်ခုစီက ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေအတွက် ထိုးနှံပေးတဲ့ 30 မိုက်ခရိုဂရမ်ပမာဏရဲ့ သုံးပုံတစ်ပုံ ၁၀ မိုက်ခရိုဂရမ်ပဲ ရှိပါတယ်။

ကလေးတွေအတွက် ကာကွယ်ဆေးအဖုံက ဆေးဆိုင်ရေခဲသေတ္တာမှာ အကြာကြီးထားနိုင်မယ့် ဖော်မြူလာအသစ်နဲ့ လာမှာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးမယ့်သူတွေ သေးငယ်တဲ့ဆေးတွေကို ထုတ်ယူနိုင်ဖို့ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ အခြားကာကွယ်ဆးနဲ့ ဆေးဝါးတွေကို ကြာရှည်ခံဖို့ အများဆုံးအသုံးပြုတဲ့ Tris buffer လို့ခေါ်တဲ့ ပါဝင်ပစ္စည်းအသစ်တစ်မျိုးပါဝင်ပါတယ်။

ကလေးအရွယ်ထိုးဆေးက လက်တွေ့စမ်းသပ်မှုတွေမှာ ဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်တဲ့ antibodies ထွက်ဖို့ အစမျိုးတဲ့နေရာမှာ အလွန်ထိရောက်ပြီး ရောဂါလက္ခဏာတွေကို တားဆီးတဲ့နေရာမှာလည်း 90% ထက်ပိုပြီး ထိရောက်ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ

Pfizer ရဲ့လက်တွေ့စမ်းသပ်မှုအချက်အလက်တွေအရ ပိုပြီးငယ်ရွယ်တဲ့ကလေးတွေက ဆယ်ကျော်သက် သို့မဟုတ် အရွယ်ရောက်ပြီးသူတွေထက် ဘေးထွက်ဆိုးကျိုးနည်းနည်းပဲ ကြုံတွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဆေးထိုးထားတဲ့နေရာတစ်ဝိုက်မှာ နီးမြန်းတာ (သို့) အဖျားတက်တာလို ဘေးထွက်ဆိုးကျိုးအနည်းငယ်ကြုံရမှာဖြစ်ပါတယ်။

FDA နဲ့ CDC ရဲ့ ဆွေးနွေးမှုအများစုက နှလုံးရောင်ရမ်းခြင်း ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ myocarditis ဖြစ်နိုင်ချေအလားအလာကို ဆန့်ကျင်တဲ့ ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးကို ချိန်ဆဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ အသက် 5 နှစ်မှ 11 နှစ်အရွယ်ကလေးတွေ ကာကွယ်ဆေးထိုးပြီးနောက် myocarditis နှုန်းအတိအကျကို မသိရသေးသော်လည်း လက်တွေ့စမ်းသပ်မှုမှာ လုံးဝဖြစ်ပွားမှုမရှိတာတွေ့ရတာ ရှားပါးလှပါတယ်။ CDC ရဲ့ အကြံပေးတွေက ဆယ်ကျော်သက်တွေထက် အသက်ငယ်သော ကလေးတွေမှာ ဖြစ်နိုင်ခြေနည်းတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

Pfizer က ဆေးထိုးထားတဲ့ ကလေး ၃၁၀၀ မှာ ကာကွယ်ဆေးရဲ့ဘေးကင်းမှုကို လေ့လာခဲ့ပါတယ်။ FDA အရာရှိတွေပြောတဲ့ စမ်းသပ်မှုတစ်ခုက ကလေးတွေအတွက် လိုင်စင်ချပေးလေ့ရှိတဲ့ အခြားကာကွယ်ဆေးတွေထက် လေ့လာချက် ပိုများပါတယ်။ အခုဆိုရင် ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ ဆယ်ကျော်သက်နဲ့ အရွယ်ရောက်ပြီးသားသူတွေ ၁၁ သန်းကျော်အတွက် ဘေးကင်းရေး စောင့်ကြည့်စစ်ဆေးမှုတွေမှာ ပြဿနာမရှိခဲ့ပါဘူး။

CDC ရဲ့ စစ်တမ်းတွေအရ အသက် ၅ နှစ် မှ အသက် ၁၁နှစ် ကြားကလေးတွေရဲ့ မိဘတွေထဲက ၅၇ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ကလေးတွေကို သေချာပေါက် ကာကွယ်ဆေးထိုးပေးမယ်လို့ သိရပါတယ်။

Ref: CBSNews “COVID-19 vaccine for kids: What parents need to know”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top