သီတင်းကျွတ်အတွက်ရည်စူးပြီး 3D နဲ့ ဆွဲထားတဲ့ ဗုဒ္ဓရုပ်ပွားတော်

arti2.jpg

မြန်မာပြည်မှာ လူငယ်လေးတွေရဲ့ လက်ယာမွန်လေး ဖြစ်ပါတယ်။ အမြင့် ၆ ပေ ၂ လက်မရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် မြတ်ကို 3D နည်းပညာဖြင့် ဆွဲထားခြင်းက အတော်လေးကို ကောင်းမွန်လှပါတယ်။ မြန်မာပြည်မှာ စက္ကူအရှည်တွေ အလွယ်တကူ မရှိတော့ ယခုသုံးနေတဲ့ စက္ကူတွေကို ဆက်ပြီးဆွဲထားခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။

ထိုပုံကို ဖန်တီးတဲ့ လူငယ်သုံးယောက်ကတော့ ရဲရင်ဟိန်း၊ စိုးဝေယံမြင့်၊ ကိုဇင်မင်းဌေး တို့ ဖြစ်ပါတယ်။ ပုံကိုလည်း ၁ လနီးပါးလောက် အချိန်ယူပြီး ဆွဲခဲ့ရကြောင်း ၎င်းတို့က ပြောပါတယ်။ သီတင်းကျွတ်မှာ လူငယ်တွေ အပျော်အပါးကိုပဲ မခုံမင်အောင် ဘာသာတရားကို မမေ့ပျောက်မိအောင် လှုပ်ဆော်ချင်တဲ့ ရည်ရွယ်ချက်ကြောင့်လည်း ဒီပုံကို သီငယ်ချင်း သုံးယောက်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

3D နဲ့ ဆွဲထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို သီးသန့်ပြထားတာမျိုး မလုပ်ပေမယ့် သူတို့၏ နေအိမ်မှာတော့ ပြသထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ ပုံတွေကို ကြည့်ပြီး ဖူးမြော်နိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top