အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၆-၂-၂၀၂၀ မှ ၂၂-၂-၂၀၂၀ ရက်နေ့အထိ)

baydin16febto22feb.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၆-၂-၂၀၂၀ မှ ၂၂-၂-၂၀၂၀ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အတွက်-

စီးပွားရေး။ ။ သစ်တောထွက်ပစ္စည်း၊ သစ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ဝါးဖြင့်ပြုလုပ်သော လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန်များရောင်းဝယ်ခြင်းတို့ အကျိုးများမည့်ကာလဖြစ်သည်။ စိုက်ပျိုးထွက်ကုန် ကုန်သွယ်ခြင်းဖြင့် အဆင်ပြေမည်။ ကိုယ်တိုင်စိုက်ပျိုးသူများ ငွေကြေးအခက်တွေ့နေတတ်သည်။ စားသောက်ဆိုင်နှင့် စားသောက်ကုန် လုပ်ငန်းလုပ်သူများ အဆင်ပြေမည့်အချိန်ဖြစ်သည်။
ကျန်းမာရေး။ ။ ဦးခေါင်းနှင့်ပါတ်သက်သော ရောဂါ၊ခေါင်းကိုက်ခြင်း၊ ရင်ခေါင်းရောဂါတို့ကို များ ယခုတစ်ပါတ်တွင် အထူး သတိ ထားရမည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် အနည်းငယ်ညံ့ပါသည်။အိမ်ထောင်ရေးအနေနှင့်လည်း ကြားလူကြောင့် ပြသနာတက်တတ်သည်။

ပညာရေး။ ။ ပညာရေးအနေနှင့် အင်္ဂလိပ်စာ နှင့်၊ ရာထူးအတွက် အင်္ဂလိပ်စာတို့ သတိပြုပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ဆိုင်ကယ် စသည့် ယာဉ်နှင့်ဆိုင်သော စက်ပစ္စည်းများ ဝင်မည်၊ ထွက်မည်။ ဝန်ထမ်းများ အရေးကြီး စာရွက်ပျောက်တတ်သည်။ နေရာပြောင်းရတတ်သည်။

အကျိုးပေးဂဏန်းမှာ ။ ။၃။၆။၉

ယတြာ။ ။ ဘုရား၏ တနင်္ဂနွေထောင့်တွင် ဆီးမီး (၉) တိုင်လှူပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့-

စီးပွားရေး။ ။ ရေသန့်၊ရေခဲလုပ်ငန်း၊ သင်္ဘောလုပ်ငန်း၊ သင်္ဘောသား၊ စက်လှေ၊ ငါးဖမ်းလုပ်ငန်း၊ စည်သွပ်ဗူးလုပ်ငန်း နိုင်ငံခြားမှ တင်သွင်းသော ကုန်ပစ္စည်း၊ အကျိုးပေးသည်။ သတ္တုလုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်းများ ညံ့ပါသည်။ ငွေကြေးကိစ္စအတွက် အစုရှယ်ယာလုပ်ကိုင်သူများ စိတ်ဝမ်းကွဲ တတ်သည်။

ကျန်းမာရေး။ ။ ခါး၊ခါးရိုး၊တင်ပဆုံရိုးများ ထိခိုက်မိတတ်သည်။ အရိုးနှင့်ပါတ်သက်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ အထူးသတိပြုရမှာကတော့ မတော်တဆဖြစ်လို့ ဆေးရုံဆေးခန်းရောက်တတ်ပါတယ် သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့်အနည်းငယ်ကံကောင်းလာပါပြီ။ ချစ်သူထံမှ အဖြေရမည်။ အိမ်ထောင်ရေးတွင် ကြားလူကြောင့် အဆင်မပြေဖြစ်မည်။ ညင်းခုံရတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် အတတ်ပညာတစ်ခုခုကို သင်ယူပါ။
အထွေထွေ။ ။ အစိုးရဝန်ထမ်းများ အလုပ်တွင် မီးသတ္တိပြုပါ။
အကျိုးပေးဂဏန်း – ၄ ၊၅ ၊ ၉။

ယတြာ– တနင်္လာနေ့တွင် ကိတ်မုန့် များအား ကလေးများကို ဝေပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့-

စီးပွားရေး။ ။ စက်ရုံအလုပ်ရုံကြီးများ၊ စက်ပစ္စည်းစက်ရုံများ အထူးအကျိုးပေးပါသည်။ ကုန်ပစ္စည်းထုတ်ကုန်များ၊ လူအများနှင့်လုပ်ဆောင်ရသော လုပ်ငန်းများ၊စက်ကြီးများနှင့် လုပ်ဆောင်ရသော လုပ်ငန်းများ ကောင်းပါသည်။ သတိထားရမည့်လုပ်ငန်းမှာ ရတနာလုပ်ငန်းဖြစ်သည်၊ ရွှေလုပ်ငန်းလည်း သတိထားလုပ်ကိုင်ပါ။
ကျန်းမာရေး။ ။ မျက်မှန်တတ်ရခြင်း၊မျက်လုံးရောဂါ ရတတ်သည်။ အကြောတက်ခြင်းများ ဖြစ်မည်။ သတိထားပါ၊ပြပထိခိုက်မှု့မှ အရိုးကျိုးတတ်သည်။
အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် အဖြေရရန် မလွယ်သေးပါ။ အိမ်ထောင်သည်များအနေဖြင့် စီးပွားရေးကို အခြေခံသေည ရန်ဖြစ်ပေါ်တတ်သည်။
ပညာရေး။ ။ ပညာရေးအနေနှင့် စက်မှု့/လက်မှု့ပညာတစ်ခုခုကို သေချာသင်ယူပါ။ဖုန်းပြုပြင်ခြင်းအတတ်ကို သင်ယူပါ။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊စက် စတဲ့ပစ္စည်းတွေ ဝင်လာတတ်ပါတယ်။ ငွေကတော့ စုမရဘဲ ကုန်နေမှာပါဘဲ။ အစိုးရဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅၊ ၆ ၊ ဝ။

ယတြာ – အင်္ဂါနေ့တွင် ဇီးသီများအား လုပ်ဖော်ကိုင်ဘက်များကို လှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့် –

စီးပွားရေး။ ။ ဆောက်လုပ်ရေးလုပ်ငန်း၊ နိုင်ငံခြား သွင်းကုန်၊ထုတ်ကုန်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးကားလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊မိုတယ် လုပ်ငန်းများ ကောင်းပါသည်။ ဘဏ်ချေးငွေရှိပါက သတိထားပါ ပြန်ဆပ်ရန် အခက်အခဲရှိမည်။နိုင်ငံခြားသားများနှင့် လုပ်ငန်းလုပ်ကိုင်နေသူများ အဆင်မပြေဖြစ်မည်။

ကျန်းမာရေး။ ။ ဆီးချို၊သွေးချို၊ ကျောက်ကပ်ရောဂါ၊ ဆီကျိတ်ရောင်ခြင်း စသည့် ဆီးနှင့်ပါတ်သက်သော ရောဂါများ ရတတ်သည်။
အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံညံ့ပါသည်။ မိမိအားအလွန်ချစ်တတ်ပြီး နာလည်မှု့ပေးနိုင်သော ချစ်သူကို အကြောင်းတစ်ခုကြောင့် လက်လွတ်ရတတ်သည်။ လက်ထပ်ရန်အဆင်မပြေဖြစ်မည်။ အိမ်ထောင်ရေးတွင် ရန်ပေါ်နေမည်။
ပညာရေး။ ။ ပညာရေးအနေနှင့် ရာထူးစာမေးပွဲဖြေရမည့်သူများ မေးခွန်းကို သေချာဖတ်ပြီး စဉ်းစားပြီးဖြေပါ။ မလောပါနှင့်။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း မိမိပိုင် ယာဉ်ကားအား ငှါးရမ်းလိုက်ပါက အပျက်စီးနှင့် ပြန်လာပို့တတ်သည်။ ဝန်ထမ်းများ စိတ်အနည်းငယ် ညစ်ရလိမ့်မည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် မျက်လုံးရောဂါရတတ်ပါတယ်။ အချစ်ရေးတွင် ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် ကျောက်မျက်လုပ်ငန်းကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။
အကျိုးပေးဂဏန်း – ၄ ၊၅ ၊ ၈။

ယတြာ။ ။ ငါးကလေးများကို စီးနေသော ရေရှင်တွင် လွတ်ပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် –

စီးပွားရေး။ ။ စိုက်ပျိုးရေး၊လယ်ယာထွက်ကုန်များ၊မြေသြဇာလုပ်ငန်း၊ လယ်ယာသုံးစက်ပစ္စည်းများ ရောင်း/ဝယ်သူများ ကံကောင်းပါသည်။ အစုစပ်လုပ်ငန်းအတွက် ရှယ်ယာရှင်များပြဿနာတက်တတ်သည်။ သစ်လုပ်ငန်း နှင့် သတ္တုတူးဖော်ခြင်းများ သတိပြုပါ။ ငွေကြေးကိစ္စများ အလျှင်စလို မဆုံးဖြတ်ပါနှင့် ၊ ဘဏ်ကိစ္စသတိထားပါ။

ကျန်းမာရေး။ ။ ခေါင်းကိုက်ခြင်း၊ မူးခြင်း၊ဖြစ်တတ်ပြီး အမျိုးသမီးများ မိန်းမရောဂါသတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့်ခုအချိန်သည် ကံစကောင်းလာချိန်ဖြစ်ပါသည်။ ချစ်ရသောသူနှင့် အမြန်ဆုံးလက်ထပ်ပါ။ အိမ်ထောင်သည်များလည်း အလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး။ ။ အလုပ်နှင့် သက်ဆိုင်သော သင်တန်းကိုသာတက်ရောက်ပါ။ နိုင်ငံခြား ဘာသာစကားများလည်း လေ့လာသင့်။။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း မိမိအိမ်အနီးတွင် မီးလောင်တတ်သည်။ မီးလန့်ပြီးနော်က် ထီထိုးပါ။ ဝန်ထမ်းများလည်း အထက်လူကြီး မစပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၅ ၊၂ ၊ ၉။

ယတြာ – ကြာသာပတေးနေ့တွင် မိမိအိမ်ဘုရားတွင် မေမြို့ပန်းများလှူပေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် –

စီးပွားရေး။ ။ အဝတ်အထည်နှင့်ဆိုင်သော လုပ်ငန်း၊ဇာထိုးပန်းထိုးလုပ်ငန်း၊ မုန့်လုပ်ငန်း၊ ကိတ်မုန့်လုပ်ငန်း။ ပြည်ပမှတင်သွင်းသော အထည်၊ စိန်နှင့် ရွှေဖြူလုပ်ငန်းများ ကံကောင်းပါလိမ့်မည်။ အထူးမှတ်ရန်မှာ ရေထွက်ပစ္စည်းများ အားနည်းပြီး စကားပြောရမည်။ အလှကုန်ပစ္စည်းများလည်း ကောင်းပါသည်။
ကျန်းမာရေး။ ၊ အရေပြားနှင့်ဆိုင်သော ရောဂါဖြစ်တတ်သည်။ အစာအိမ်ဖြစ်ပါက အမြန်ကုသသင့်ပါသည်။
အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း လက်ထပ်ရန် ဝေးနေပါလိမ့်မည်။ အိမ်ထောင်သည်များလည်း အကြောင်းတစ်ခုခုကြောင့် ခွဲနေရတတ်သည်။ နှစ်ဘက်မိဘတို့နှင့်အတူမနေဘဲ အိမ်ခွဲနေပါ။
ပညာရေး။ ။ ပညာရေးအနေနှင့် အလှအပနှင့်ဆိုင်သော အလှပြင်သင်တန်း၊ အထည်ချုပ်သင်တန်းများ တက်ရောက်ပါ။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ယာဉ်-ကား နှင့်ပါတ်သက်သော လုပ်ငန်းများ သတိထားလုပ်ကိုင်ပါ။ နိုင်ငံဝန်ထမ်းများ အလုပ် (၂) ခုပေါင်းလုပ်ရတတ်သည်။
အကျိုးပေးဂဏန်း – ၂ ၊ ၆ ၊ ၉။

ယတြာ – သောကြာနေ့တွင် မိမိတတ်နိုင်သလောက် မရှိဆင်းရဲနွမ်းပါးသူကို ကူညီပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် –

စီးပွားရေး။ ။ ပြည်ပသွင်းကုန်/ထုတ်ကုန်လုပ်ငန်း၊ ဓါတ်သတ္တု၊ ကျောက်မျက်ရတနာလုပ်ငန်းများ ကံကောင်းသည့် အချိန်ဖြစ်သည်။ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းများကောင်းပါသည်။ အထူးသတိပြုရန်မှာ ငွေကြေးဝန်ဆောင်မှု့ လုပ်ငန်းများအတွက် ပေးရန် /ရန်ရန်များ စာရင်းရှင်းမနိုင်ဘဲ ပြသနာတက်တတ်သည်။ ရွေတူဖော်သူများ အထက်အောက် နာလည်မှု့လွဲပြီး လုပ်ငန်းလုပ်ဆောင်ရန် အချိန်ကြာတတ်သည်။

ကျန်းမာရေး။ ။ ခေါင်းကိုက်မည်။ သွေးတိုးရှိပါက သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ နှစ်ဘက်မိဘတို့ သဘောတူရန်လိုပါလိမ့်မည်။ အိမ်ထောင်သည်များလည်း နှစ်ဘက်မိဘကြောင့် ပြသနာ တက်နေတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် ဌာနတွင်း သင်တန်းဆက်တက်ရမည်။

အထွေထွေ။ ။ ဝန်ထမ်းများ ကံကောင်းပါသည်။
အကျိုးပေးဂဏန်း – ၃။၇။၉ ၊

ယတြာ – စနေနေ့တွင် ရဟန်းတစ်ပါးအား ထီး(သို့) ဖိနပ် လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top