အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၃-၂-၂၀၁၉ မှ ၉-၃-၂၀၁၉ ရက်နေ့အထိ)
Bay-Din-Week-1-March.jpg
အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၃-၂-၂၀၁၉ မှ ၉-၃-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။
တနင်္ဂနွေ
တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပတ်အတွင်း စီးပွားရေးလုပ်ငန်းများကို အထူးသတိထားလုပ်ဆောင်ရမည့် အချိန်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်အစိုးရနှင့်ပတ်သည့်ကိစ္စများတွင် အထူးအရေးကြီးပါသည်။ သတ္တုတွင်းကိစ္စနှင့် ကျောက်မျက်ရတနာကိစ္စများ အခြေအနေမကောင်းသေးဘဲ အေးနေတတ်ပါသည်။ ပြည်ပနှင့်ဆိုင်သည့်စီးပွားရေးလည်း မကောင်းသေးပါ။ ကျန်းမာရေးအနေနှင့် ခြေထောက်နှင့် ဒူးရောဂါရှိသူများ အထူးသတိထားပါ။ အချစ်ရေးကတော့ စိတ်ကောက်တတ်သည် ချစ်သူကိုရရှိလိမ့်မည်။ အိမ်ထောင်ရေးအနေနှင့်ရန်ဖြစ်တတ်သည် စက်ပစ္စည်း နှင့် အိုးအိမ်ကို အကြောင်းပြုပြီး စိတ်သဘောထားကွဲတတ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့်လူငယ်မောင်မယ်များအနေဖြင့် သချာၤနှင့် ဓာတုဗေဒဘာသာရပ်များကို အထူးဦးစားပေးကျက်မှတ်ရပါလိမ့်မည်။ ကျန်းမာရေးကို သတိပြုပါ။ အစိုးရဝန်ထမ်းများအနေဖြင့် ယခုအပတ်အတွင်း ဌာနဆိုင်ရာကိစ္စဖြင့် ခရီးသွားရလိမ့်မည်။
အကျိူးပေးဂဏန်း – ၁၊ ၄၊ ၀ ယတြာ – အုန်းသီးပါသောမုန့် ဘုရားလှူပါ။
တနင်္ဂနွေ
အကျိုးပေးဂဏန်း – ၁၊ ၄၊ ၀ ယတြာ – အုန်းသီးပါသောမုန့် ဘုရားလှူပါ။
တနင်္လာ
တနင်္လာသားသမီးများအနေဖြင့် ယခုအပတ်တွင်လည်း ယခင်အပတ်က အကျိုးပေးခဲ့သော ဆောက်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းအဝယ်လုပ်ခြင်း၊ ပြည်တွင်း-ပြည်ပ ကုန်သွယ်ခြင်းဖြင့် အမြတ်အစွန်းများ ဆက်လက်ရရှိမည့်အချိန်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ကုန်ပစ္စည်းရောင်း-ဝယ်ခြင်းတွင် သိုလောင်ခြင်း သိပ်မလုပ်ပါနှင့်။ အရက်၊ ဘီယာ စသည့် လုပ်ငန်းများ ညံ့နေပါသည်။ ကျန်းမာရေးအနေနှင့် မျက်လုံးနှင့်ဆိုင်သောရောဂါ၊နှလုံးရောဂါရှိသူများ သတိထားပါ။ အချစ်ရေးအနေနှင့် လက်ထပ်ရန် ရက်ရွေ့ဆိုင်းရသဖြင့် အလွန် စိတ်ညစ်ရလိမ့်မည်။ အိမ်ထောင်သည်များလည်း ငွေရေးကြေးရေးနှင့် ဆွေမျိုးတို့ ချေးငှါးသောငွေကြေးကို အကြောင်းပြုပြီး အေးစက်တတ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့်လူငယ်မောင်မယ်များအနေဖြင့် အင်္ဂလိပ်နှင့်ဇီဝဗေဒကျက်စာများကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကြောင့် ခွင့်ယူရတတ်သည်။
အကျိုးပေးဂဏန်း – ၂၊ ၃၊ ၀ ယတြာ – တနင်္လာနံပါသော ဘုရားတွင် ကံ့ကော်ပန်းများ လှူပေးပါ။
တနလၤာ
အကျိုးပေးဂဏန်း – ၂၊ ၃၊ ၀ ယတြာ – တနင်္လာနံပါသော ဘုရားတွင် ကံကော်ပန်းများ လှူပေးပါ။
အင်္ဂါ
ယခုအပတ်တွင် အင်္ဂါသားသမီးများအနေဖြင့် ရေလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် နိုင်ငံခြားဆေးနှင့် ခွဲစိတ်ခန်းသုံးပစ္စည်း၊ ဆေးရုံသုံးပစ္စည်းနှင့်ဆိုင်သောလုပ်ငန်း၊ ဆေးရုံးဆေးခန်းလုပ်ငန်းများ ကံကောင်းသောအချိန်ဖြစ်သည်။ လမ်းခင်းကျောက်၊ သစ်လုပ်ငန်းများ အထူးသတိထားပါ၊ လုပ်ငန်းတွင် သွေးထွက်သံယိုြစ်တတ်သည်၊ မတော်တဆထိခိုက်မည်။ ကျန်းမာရေးအနေဖြင့် ခါး၊ အစာအိမ်၊ အူလမ်းကြောင်းနှင့်ဆိုင်သောရောဂါများ ခွဲစိတ်ရသည်အထိ ဖြစ်မည်။ အချစ်ရေးအတွက် ချစ်သော်လည်း အကြောင်းတစ်ခုကြောင့် တစ်နယ်စီ ယာယီခွဲနေရမည်။ အိမ်ထောင်သည်များအနေနှင့်လည်း လုပ်ငန်းကြောင့် နယ်ခွဲနေရလိမ့်မည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်များကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။
အကျိုးပေးဂဏန်း – ၃၊ ၈၊ ၀ ယတြာ – အင်္ဂါနေ့တွင် ဂြိုဟ်ပြေနံပြေဘုရားတွင် အင်္ဂါထောင့် ဆီမီးလှူပါ။
အဂၤါ
ဗုဒ္ဓဟူး
ဗုဒ္ဓဟူးသားသမီးတို့အဖို့ ယခုအပတ်အတွင်း စီးပွားရေးအနေနှင့် ရေနံနှင့်ဆိုင်သောလုပ်ငန်း၊ ဓာတ်ဆီဆိုင်လုပ်ငန်း၊ ထင်းနှင့် မီးသွေးလုပ်ငန်းများ၊ ကျောက်မီးသွေးနှင့်ဆိုင်သောလုပ်ငန်းများ စသည့် လောင်စာနှင့်ဆိုင်သောလုပ်ငန်းများ ကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် အဆုတ်ရောင်သည့်ရောဂါ အမောဖောက်မယ်၊ ခြေထောက်နှင့်ဆိုင်သော အကြောရောဂါများဖြစ်တတ်သည်။ အချစ်ရေးကတော့ နှစ်ဘက်သဘောတူထားသူနှင့် အိမ်ထောင်ကျရမည့်အခြေအနေဖြစ်သဖြင့် ချစ်သူနှင့် ခိုးရာလိုက်ရတတ်သည်။ ထို့ကြောင့် မထင်ဘဲ ရုတ်တရက် အိမ်ထောင်ကျသွားတတ်သည်။ အိမ်ထောင်ရေးအနေနှင့် အလွန်ညံ့ပါသည်။ ဒီတစ်ပတ်အတွင်း လုံးဝမထင်ထားသည့် အိမ်ထောင်ရေးကိစ္စများ ဖြစ်ပေါ်ပြီး ကွဲကွာရတတ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် ရူပဗေဒနှင့်နှင့် တွက်စာများကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။
ရာဟု။ ။ရာဟုသားသမီးတို့ ယခုတစ်ပတ်အတွက် ကျန်းမာရေးမှာ ခါးရောဂါရမည်။ စီးပွားရေးတွင် စားသောက်ကုန်လုပ်ငန်းနှင့် ရေလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူများ ကံကောင်းပါသည်။ အချစ်ရေးမှာတော့ ညံ့နေပါလိမ့်မည်။
အကျိုးပေးဂဏန်း ၄၊ ၈၊ ၀ ယတြာ – ရွက်လှပန်းများကို ဗုဒ္ဓဟူးနေ့တွင် အိမ်ဘုရားတွင်လှူပေးပါ။
ဗုဒၶဟူး
ကြာသပတေး
ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စီးပွားရေးလုပ်ငန်းများ အထူးအဆင်ပြေမည်။ အထူးသဖြင့် မှန်လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်း၊ ယာဉ်၊ စက်လုပ်ငန်းများ၊ ပြည်ပအလုပ်နှင့်ဆိုင်သော အကျိုးဆောင်လုပ်ငန်းများ အကျိုးပေးပါသည်။ တည်းခိုခန်းလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများ သတိထားပါ။ ကျန်းမာရေးအနေနှင့် အစာအိမ်ရောဂါ၊ ခါးနှင့် ကျောက်ကပ်တို့သတိထားရပါလိမ့်မည်။ အချစ်ရေးကတော့ ကံကောင်းပြီး ချစ်သူနှင့်ဝေးနေရမည်။ အိမ်ထောင်သည်များ သားသမီး၏ လက်ထပ်ရေးကို အကြောင်းပြုပြီး အတော်လေးစိတ်သောကရောက်ရလိမ့်မည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် အင်္ဂလိပ်နှင့် ဇီဝဗေဒဘာသာရပ်များကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများ အလုပ်များမည်။
အကျိုးပေးဂဏန်း- ၅၊ ၁၊ ၀ ယတြာ – ကြာသာပတေးနေ့တွင် ဂုဏ်တော်ပုတီးစိပ်ပါ။
ၾကာသပေတး
သောကြာ
သောကြာသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စီးပွားရေးတွင် ထင်မှတ်မထားသည့်ကိစ္စများဖြစ်မည်။ စီးပွားရေးတွင် နောက်ကျောအထိုးခံရသကဲ့သို့ လူယုံကြောင့် မထင်မှတ်သည့်ကိစ္စများဖြစ်လာမည်။ ကျန်းမာရေးအနေနှင့် မတော်တဆဖြစ်ခြင်း၊ ထိမိခိုက်မိခြင်း၊ ယာဉ်တစ်ခုခုနှင့်ထိမိခြင်း၊ အဆိပ်ရှိသောတိရိစ္ဆာန်များ၏ ကိုက်ခဲခြင်းတို့ ဖြစ်တတ်သည်။ အချစ်ရေးတွင် မထင်မှတ်ထားသော အကြောင်းအရာများဖြစ်ပြီး ယာယီကွဲကွာရတတ်သည်။ အိမ်ထောင်သည်များလည်း စက်ပစ္စည်း၊ သားသမီးကိစ္စများဖြင့် ပြည်ပခရီးသွားရတတ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် သချာၤနှင့် ဇီဝဗေဒဘာသာရပ်ကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများ အထက် အောက်ဆက်ဆံရေး သတိပြုပါ။
အကျိုးပေးဂဏန်း – ၅၊ ဝ၊ ၉ ယတြာ – သောကြာနေ့တွင် ရေသန့်ဗူးများလှူပါ။
သောကြာ
စနေ
ယခုတစ်ပတ်အတွက် စနေသားသမီးတို့အနေဖြင့် စီးပွားရေးတွင် သူများမလုပ်သောလုပ်ငန်းဖြင့် တိုးတက်မည်။ သူတပါးအနေနှင့် မလုပ်ကိုင်ဘဲထားခဲ့သောလုပ်ငန်းများ၊ လုပ်ငန်းဟောင်းများကို ပြန်လည်လုပ်ဆောင်ခြင်းဖြင့် အကျိုးများမည်။ ကျောက်မျက်ရတနာ တူးဖော်သူများအနေဖြင့် တွင်းဟောင်း၊မော်ဟောင်းများတွင် ရတနာပစ္စည်းရရှိမည်။ မိတ်ဟောင်းဆွေဟောင်းများ၏ အကူအညီရရှိမည့်ကာလတစ်ခုဖြစ်သည်။ ကားဟောင်းများ စက်ပစ္စည်းအဟောင်းများကို ပြုပြင်ခြင်းဖြင့်လည်း အကျိုးများမည်။ အထူးသတိပြုရန်မှာ ယခုတစ်ပတ်အတွင်း အသစ်နှင့်ဆိုင်သော လုပ်ငန်းများ အဆင်မပြေနိုင်သည်ကို အထူးသတိပြုရမည်။ ကျန်းမာရေးအနေဖြင့် ရောဂါဟောင်းများပြန်ထမည်၊ ဆေးရုံးဟောင်းတွင် ဆရာဟောင်းနှင့် ပြန်ကုသမှ ပျောက်ကင်းပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူဟောင်များ ပြန်တွေ့တတ်သည်၊ပြန်ဆက်ရတတ်သည်။ အိမ်ထောင်သည်များ အချစ်ဟောင်း၊အိမ်ထောင်ဘက်ဟောင်းများကို အကြောင်းပြုပြီး အလွန်စိတ်ညစ်ရမည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် တွက်စာနှင့် ဓာတုဗေဒ၊ သမိုင်း စသည့် ဘာသာရပ်များကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။နိုင်ငံဝန်ထမ်းများ လူဟောင်းများနှင့် ပြန်တွေ့တတ်သည်။ အရာရှိဟောင်းနှင့် ပြန်ဆုံးရမည်။ အလုပ်ဟောင်များကြောင့် ဖြစ်သောပြသနာလည်း သတိထားပါ။
အကျိုးပေးဂဏန်း – ၃၊ ၆၊ ၀ ယတြာ – စနေနေ့တွင် အိမ်ရှိ ဖိနပ်ဟောင်း၊ထီးဟောင်းများကို စွန့်ပစ်ပါ။
စေန
ဆရာကင်္ကသူ
ဆရာကကၤသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533
Share this post
ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။
Leave a Reply
scroll to top