နှလုံးလမ်းကြောင်းနှင့် မေတ္တာရေးရာ

Heart-Line1200-600.jpg

နှလုံးလမ်းကြောင်းဆိုတာ ကြင်နာသနားခြင်း၊ (၅၂၈) ချစ်မေတ္တာတွေကိုဖော်ပြနေသလို လူတစ်ယောက်အတွက် သစ္စာရှိခြင်း မရှိခြင်း၊ ချစ်မှုရေးရာတွေမှာ စိတ်ကစားမှုရှိခြင်း မရှိခြင်း၊ အချစ်နဲ့ပတ်သက်ပြီး တစ်ကိုယ်ကောင်းဆန်သူဟုတ် မဟုတ်၊ အိမ်ထောင်ဘက်အပေါ်ထားတဲ့ သဘောထား၊ သတ္တဝါတွေအပေါ်ထားတဲ့ ကြင်နာခြင်းတွေကို ဖော်ပြနေတာက နှလုံးလမ်းကြောင်းပါ။

လူတစ်ဦးတစ်ယောက်ရဲ့ နှလုံးသားကို အဲဒီလူရဲ့ နှလုံးလမ်းကြောင်းကနေ ကြည့်လို့ရပါတယ်။ ဒီလူဟာ သူ့ချစ်သူအပေါ် အမှန်တစ်ကယ် စွဲစွဲလန်းလန်းချစ်တဲ့သူဖြစ်သလား ဒါမှမဟုတ် ဟန်ဆောင်အချစ်တုတွေနဲ့လား..အချစ်ရေးမှာ ကောက်ကျစ်ယုတ်မာ ရက်စက်တော့မှာလားဆိုတာကို သူ့လက်ဖဝါးပြင်ပေါ်က နှလုံးလမ်းကြောင်း (Line Of Heart) က ပြောပြနေပါတယ်။

လက်ဝါးပေါ်က နှလုံးလမ်းကြောင်းဟာ အားနည်းမယ်၊ မှေးမှိန်နေမယ်ဆိုရင်တော့ နှလုံးသားက ဖော်ပြရမယ့်အကြောင်းအရာတွေမှာ အားနည်းမယ့်သူဖြစ်ပြီး အချစ်ရေးမှာ ပေါ့ပေါ့တွေးတတ်တဲ့သူဖြစ်တယ်ဆိုတာကို ပြနေတာပါ။ လမ်းကြောင်းဟာ အခြားလမ်းတွေထက် အပြားပိုထူနေမယ်ဆိုရင်တော့ ဒီလူဟာ အလွန်မေတ္တာကြီးမှာပဲလို့ မထင်လိုက်ပါနဲ့၊ ချစ်ခြင်းအပေါ် အလွန်ရက်စက်တတ်ပြီး သစ်စိမ်းချိုးချိုးရက်သူတွေဖြစ်တယ်။ လမ်းကြောင်းဟာ သေး နက် ထင်ရှား အရောင်တောက် နေရမှာဖြစ်ပြီး ကျွန်း၊ အမြွှား၊ အပြတ်အတောက် စတဲ့အဖျက်အမှတ်တွေလည်း ကင်းစင်နေမယ်ဆိုရင်တော့ အချစ်နဲ့ပါတ်သက်လာရင် မိမိချစ်ရသူအတွက် အသက်ပင်ပေးရပေးရ ဆိုသလို ချစ်တတ်တဲ့သူဖြစ်တယ်။ အချစ်ကိုတန်ဖိုး ထားပြီး ပေးဆပ်နေတတ်တဲ့သူ၊ အချစ်အကြောင်း ကောင်းကောင်းသိသလို အချစ်စစ်အချစ်မှန်ကို မေတ္တာစစ်နဲ့ ရင်ခုန်တဲ့သူဆိုတာ သံသယရှိဖို့မလိုပါဘူး။ အလွန်ကြင်နာတတ်တဲ့သူမျိုးဖြစ်တယ်။ နှလုံးလမ်းကြောင်းမှာ အဖျက်အမှတ်အသားတွေဖြစ်တဲ့ ကျွန်း၊ အမြွှား၊ အပြတ်တွေပါလာမယ်ဆိုရင်တော့ စိုင်းထီးဆိုင် သီချင်းထဲကလို အချစ်ရေးမေတ္တာရေးတွေမှာ ကံမကောင်းဖြစ်မှာပါ။

နှလုံးလမ်းကြောင်းဟာ ဖြောင့်ပြီး လက်ဝါးပြင်ကို ဖြတ်သွားမယ်ဆိုရင်တော့ ဒီလူဟာ ရိုးသားတည်ကြည်သူ၊ သစ္စာရှိသူ၊ ချစ်ခင်ကြင်နာတတ်တဲ့သူ ဖြစ်တယ်။ နှလုံးလမ်းကြောင်း အစပျိုးတဲ့ နေရာတွေကို အခြေခံပြီး ဖြစ်တတ်တဲ့ သဘာဝတွေရှိများစွာရှိပါတယ်။ ထူးခြားတဲ့ လမ်းကြောင်းအနေနဲ့ ဦးခေါင်းလမ်းကြောင်းနဲ့ထိပြီးထွက် လာတဲ့သူမျိုးကတော့ သစ္စာတရားခေါင်းပါးတတ်တဲ့သူတွေမှာ မပါမဖြစ်ပါလာတဲ့ အမှတ်အသားဖြစ်တယ်။ တကယ်လို့ လမ်းကြောင်းအခွဲတစ်ခုက ဦးခေါင်းလမ်းကြောင်းကို သွားထိနေမယ်ဆိုရင်တော့ မသင့်တော်သူကိုမှ ချစ်မိတတ်ပြီး သောကတွေ တစ်ပွေ့တစ်ပိုက်ကြီး ရင်မှာပိုက်ရတတ်ပါတယ်။ ကြာသပတေးဂြိုဟ်ခုံကထွက်တဲ့သူတွေကတော့ အဆင့်အတန်းရှိတဲ့သူတွေကို မှန်းတတ်ပြီး ဖူးစာလည်းဆုံတတ်ကြပါတယ်။

နှလုံးလမ်းကြောင်းဟာ တကယ်တော့ အချစ်၊ မေတ္တာတွေကိုသာ ဖော်ပြနေတာမဟုတ်ပါဘူး၊ ဆေးပညာဆိုင်ရာလက္ခဏာပညာအရ နှလုံးရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါအချို့ကိုလည်း ဖော်ပြနေပါသေးတယ်။ နှလုံးလမ်းကြောင်းရဲ့ အကြောင်းကိုပြောရရင် ကျမ်းကြီးတစ်စောင်လောက် ရေးရမှာဖြစ်ပြီး အကြောင်းအရာတွေက ကုန်ဖို့မရှိပါဘူး။ လက္ခဏာပညာဆိုတာက ဒါကိုမြင်ရင် ဒါဟောပါ ဆိုတာမျိုး လုံးဝလုပ်လို့မရတဲ့ ပညာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝအတွက် အရေးကြီးတဲ့ လက်ပုံစံတွေ၊ အရောင်အဆင်း၊ လက်ရေစာ၊ လက်ဗွေ နဲ့ လက်အပျော့အမာ စတဲ့ အကြောင်းအရာတွေကို လက်ဖဝါးပေါ်က လမ်းကြောင်းတွေနဲ့ စနစ်တကျ တိုင်ဆိုင်စစ်ဆေးပြီး စုပေါင်းသုံးသပ် အဖြေထုတ်မှ တိကျမှန်ကန်တဲ့ လက္ခဏာပညာဆိုင်ရာ ရှေ့ဖြစ်အဟောများကို လက္ခဏာရှင်အား ပြောပြနိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။

ဆရာကင်္ကသူ

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

09-255068533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top