အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၇-၁-၂၀၁၉ မှ ၂-၂-၂၀၁၉ ရက်နေ့အထိ)

Bay_Din_4__Week_5_January.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၇-၁-၂၀၁၉ မှ ၂-၂-၂၀၁၉ ရက်နေ့အထိ) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။



တနင်္ဂနွေ

တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပတ်အတွင်း စီးပွားရေးလုပ်ငန်းများကောင်းပါသည်။ ပြည်ပသွင်းကုန်သမားများ အရင်းရအောင်အတော်ကြိုးစားရမည့်အချိန်ဖြစ်သည်။ ငွေကြေး၊ပစ္စည်းများ ဆုံးရှုံးရတတ်သည်။ လုပ်ငန်း၊ စက်ရုံအတွင်း မတော်တဆထိခိုက်မိတတ်သဖြင့် သတိပြုပါ။ ကျန်းမာရေးအနေဖြင့် ဆီးရောဂါသည်များ သတိထားရမည့် အချိန်ဖြစ်သည်၊ အချစ်ရေးမှာ မိမိချစ်ရသောသူအဖြေကို လွယ်လွယ်နှင့်ရမည်တော့မဟုတ်၊ အတော်ကြိုးစားရလိမ့်မည်။ အိမ်ထောင်သည်များ ရန်ဖြစ်သောကြောင့် ကံမကောင်းသေးပါ။ ပညာရေးသမားများအတွက် စာမေးပွဲအတွက် ပြင်ဆင်ထားသည့်စာနှင့် မေးခွန်တစ်လွဲဖြစ်တတ်သဖြင့် အကုန်ရအောင်ကျက်မှတ်ထားပါ။ မိသားစုကိစ္စကိုဦးစားပေးလုပ်ဆောင်သင့်သည်။ ပြည်ပသို့ သွားရောက်မည့်သူများ ကံကောင်းသောအချိန်ပါ။ အစိုးရဝန်ထမ်းများ အလုပ်ခွင်တွင် မတော်တဆထိလိုက်ခြင်းရှိပြီး ထိုအဖြစ်အတွက် စိတ်သောကရောက်ရတတ်သည်။

အကျိူးပေးဂဏန်း – ၈၊ ၂။၄ ယတြာ – ကလေးများကို ဒိုးနတ်များ ဝယ်ကြွေးလိုက်ပါ။

တနင်္လာ

တနင်္လာသားသမီးများအနေဖြင့် ယခုအပတ်အတွက် စီးပွားရေးကိစ္စများ အထူးကောင်းမွန်မည့်အချိန်ဖြစ်သည်။ လုပ်ငန်းတွင် ဝန်ထမ်းကောင်းများရရှိမည်။ အထူးသဖြင့် စားသောက်ဆိုင်လုပ်ငန်းများ၊ ယာဉ်ကားလုပ်ငန်းများ ဝင်ငွေကောင်းမည်။ ကျောက်မျက်ရတနာနှင့် အိမ်ခြံမြေလုပ်ငန်းများကတော့ များစွာအဆင်မပြေဘဲ စကားပြောခြင်းဖြင့်သာ အချိန်ကုန်နေပါလိမ့်မည်။ ကျန်းမာရေးအတွက် ရင်ဘတ်နှင့်သက်ဆိုင်သည့်ရောဂါ၊ အဆုတ်ရောဂါတို့သတိပြုပါ။ အချစ်ရေးတွင် မိမိစိတ်တိုင်းကျချစ်သူကို လိုချင်သော်လည်း မိမိကသူ့စိတ်တိုင်းကျနေရသည့်သူဖြစ်နေလိမ့်မည်။ အိမ်ထောင်ရေးမှာတော့ နှစ်ဘက်မိဘတို့ကိုအကြောင်းပြုပြီး စိတ်သောကရောက်ရတတ်ပါသည်။ ပညာရေးအတွက် သင်တန်းတစ်ခုတက်ရမည်၊ကောင်းပါသည်။ အစိုးရဝန်ထမ်းများ ရာထူးတိုးစာမေးပွဲအောင်မြင်မည်။

အကျိုးပေးဂဏန်း – ၃၊၆၊၇ ယတြာ – ငှက်များကို အစာကျွေးပါ။ ငှက်လွှတ်ပါ။

အင်္ဂါ

ဒီတစ်ပတ် အဂါၤသားသမီးတို့၏ကံကြမ္မာမှာတော့ စီးပွားရေးကိစ္စများများတွင် အတွင်းလူကြောင့် အနည်းငယ်စိတ်သောကရောက်စရာရှိလာမည်။ အထူးသဖြင့် ကျောက်မျက်ရတနာတူးဖော်သည့်လုပ်ငန်းနှင့် သတ္ထုတူးဖော်သည့်လုပ်ငန်းများတွင် ယုံကြည်ရသူကြောင့် ပစ္စည်းဆုံးရတတ်သည်။ ကုန်သည်များကတော့ အဆင်ပြေပါသည်။ ကျန်းမာရေးအနေနဲ့ကတော့ ခါးနာတဲ့ဝေဒနာ၊ ကျောက်ကပ်ဝေဒနာများ ဆက်လက်သတိပြုသင့်တဲ့အချိန်ပါ။ အချစ်ရေးအနေနှင့် လက်ထပ်ရန်ဆုံးဖြတ်ထားသော်လည်း လက်ထပ်ရန်ကိစ္စအချိန်ကြာပါအုံးမည်၊ ဒဿနဆန်သောချစ်သူကိုလည်းရတတ်သည်။ အိမ်ထောင်သည်များ မိသားစုဘုရားဖူးခရီးသွားရတတ်သည်။ ပညာရေးသမားများအနေဖြင့် ပြည်ပမှဘွဲ့ယူရန်အတွက် စာမေးပွဲဖြေရာတွင် သတိထားပါ၊ နားလည်မှုလွဲပြီး အဖြေမှားတတ်သည်။ ဝန်ထမ်းများ အထက်မှလာသောအလုပ်များ များပြားနေပြီး ပင်ပန်းရမည်။

အကျိုးပေးဂဏန်း ၁၊၄၊၀ ယတြာ – အင်္ဂါနေ့တွင် ဇီးယိုကို ဘုရားလှူပေးပါ။

ဗုဒ္ဓဟူး

ယခုတစ်ပတ်အတွင် ဗုဒ္ဓဟူးသားသမီးတို့၏ စီးပွားရေးတွင် ယခင်အပတ်ကကဲ့သို့ပင် ဆက်လက်အောင်မြင်နေပါဦးမည်။ အတိုက်အခိုက်များလည်း နည်းပါးနေသည့်ယခုအချိန်သည် အလုပ်ကိုကြိုးစားပန်းစားလုပ်ကိုင်ရမည့်အချိန်သာဖြစ်သည်။ အောင်မြင်ခြင်းများ ဆက်လက်ကြုံတွေ့ရအုံးမည်။ ကျန်းမာရေအနေနှင့် သွေးတိုး၊ဆီးချို ရောဂါတို့ကြောင့် စိတ်ညစ်ရမည်။ ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ရမည်။ အသက်ကြီးသူများ လေရောဂါ၊ လေဖြတ်ခြင်း စသည်တို့အထူးသတိထားရမည့်အချိန်ဖြစ်သည်။ အချစ်ရေးကိစ္စများတွင် ပြင်ပမှ အနှောက်အယှက်ဝင်ပြီး အခြေအနေမလှဖြစ်တတ်သဖြင့် ကြားလူမဝင်နိုင်ရန် သတိထားပါ၊ကြားစကာမယုံပါနှင့်။ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ပြည်ပမှဆွေမျိုးသားချင်းတို့အကူအညီရမည်၊ စိတ်ချမ်းသာရပါမည်။ ပညာရေးအနေဖြင့် စိတ်လေတတ်သဖြင့် မိမိလိုက်နေသောပညာရပ်ပေါ်တွင် စိတ်နစ်ထားပါ။ အထူးကြိုးစားမှုများမှ အောင်မြင်မည်။ အစိုးရဝန်ထမ်းများ အလုပ်ကိစ္စနှင်ပတ်သက်ပြီး ပြည်ပခရီး၊ ပြည်တွင်းခရီးသွားရတတ်ပါသည်။

ရာဟု။ ။ရာဟုသားသမီးတို့ ယခုတစ်ပါတ်အတွက် ကျန်းမာရေးမှာ ခြေထောက်တွင် ဒဏ်ရာရတတ်ပါသည်။ စီးပွားရေးတွင် ဆောက်လုပ်ရေးနှင့် ဆေးပစ္စည်းရောင်ချသူများ ကံကောင်းပါသည်။။ အချစ်ရေးညံ့နေပြီး လက်ထပ်ရန်ရက်ရွေ့ရတတ်သည်။ ငွေကြေး အာမခံခြင်းသတိပြုပါ။

အကျိုးပေးဂဏန်း ၄၊၂၊၅ ယတြာ – ဗုဒ္ဓဟူးနေ့တွင် ရဟန်းတစ်ပါးအား ငွေလှူဒါန်းပါ။

ကြာသပတေး

ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပါတ်အတွင်း လုပ်ငန်းများ ပြန်ကောင်းလာမည်။ မိမိနှင့်အမျိုးအဆွေမကင်းသည့် လူကြီးတစ်ဦး၏ အကူအညီကြောင့် လုပ်ငန်းများအတွက် အရင်းအနှီးများ ရရှိလာမည်။ ပြည်ပအကူအညီရောက်လာမည်။ စက်ရုံ၊ အလုပ်ရုံနှင့်ဆိုင်သောပစ္စည်းများ ရောင်း/ဝယ်ဖြစ်မည်။ အချစ်ရေးအတွက် အနည်းငယ်ညံ့နေပြီး မိမိရည်ရွယ်သူနှင့်မဟုတ်ဘဲ အခြားသူနှင့် ချစ်သူဖြစ်ရတတ်သည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေဖြစ်ပြီး တစ်ယောက်တစ်နယ်စီခွဲနေရတတ်ပါသည်။ ကျန်းမာရေးအတွက်ကတော့ အစားအိမ်၊ အမျိုးသမီးများ သားအိမ်ရောဂါရတတ်သည်။ သတိထားပါ။ဂရုစိုက်ပါ။ ပညာရေးသမားများ ကျက်စာကြောင့်စိတ်ညစ်ရမည့်အချိန်ဖြစ်သည်။ ကံကောင်းပါသည်။ ဝန်ထမ်းများ ကံကောင်းသည်၊ အလုပ်ရာထူးနေရာ ရလိမ့်မည်။

အကျိုးပေးဂဏန်း- ၃၊၆၊၊၈ ယတြာ – နွမ်းပါသူများကို ဆန်ကုသိုလ်ပြုပါ။

သောကြာ

သောကြာသားသမီးများ ယခုတစ်ပတ်သည်စီးပွားရေးလုပ်ရာတွင် ပြန်လည်သတိထားရမည့်အချိန်ဖြစ်သည်။ လုပ်လက်စ စီးပွားရေးလုပ်ငန်းများကို ဆက်လုပ်ပါ၊ အပြိုင်အဆိုင်ရှိနေပြီးဖြစ်သည်။ လောင်စာဆီ၊ ကျောက်ထုတ်လုပ်ရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊များ အမြတ်ငွေရမည်။ စပ်တူရှယ်ယာများ စိတ်သဘောထားကွဲလွဲမည် သတိထားပါ။ ကျန်းမာရေးအနေနှင့် ခြေထောက်တွင်ပြင်ပဒဏ်ရာရတတ်သည်၊ရောဂါဟောင်းပြန်ပေါ်တတ်သည်။ မတော်တဆ ထိခိုက်မိခြင်းလည်း ရှိလိမ့်မည်၊သတိထားပါ၊ ဆေးရုံ ဆေးခန်း ရောက်ရတတ်သည်။ အချစ်ရေးအတွက် ချောမောလှပသော ချစ်သူကို ရရှိပိုင်ဆိုင်မည် သင်ဒီတစ်ပတ်အလွန် ကံကောင်းပါသည်၊ လက်ဆောင်ပစ္စည်းများလည်း ရရှိမည်။ အိမ်ထောင်ရေးတွင်တော့ အနည်းငယ်သတိရှိပါ၊ ကြားလူကြောင့် ရန်ပေါ်တတ်သည်။ ကား၊ စက် ပစ္စည်းကိုအကြောင်းပြုပြီးစိတ်ညစ်မည်။ ပညာရေးသမားများ ပြည်ပသို့သွားရောက်ရမည်။ အစိုးရဝန်ထမ်းများ အလုပ်နေရာပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း – ၄၊၆၊၉ ယတြာ – နွမ်းပါးသူများကို အဝတ်အထည်များပေးလှူပါ။

စနေ

ယခုတစ်ပတ်အတွက် စနေသားသမီးတို့ စီးပွားရေးအကောင်အထည်ဖော်ရာတွင် မိမိယုံကြည်ရသူကြောင့် ထင်တိုင်းမပေါက်ဖြစ်မည်။ ငွေကြေးပြသနာပေါ်ပါလိမ့်မည်။ တောင်ယာလုပ်ငန်း၊ စပါးဈကြက်သွန် စသည့်ကုန်ပစ္စည်းများအရောင်းအဝယ်အေးမည်။ ကုန်သည်များ အဆင်ပြေမည်။ ဆောက်လုပ်ရေးလုပ်ငန်းများ အစစ်အဆေးခံရတတ်သည်။ ကျန်းမာရေးအနေဖြင့် အစားအိမ်၊ အူလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများရတတ်သည်။ မတော်တဆ ညာဘက်ခြေထောက်ထိခိုက်မိတတ်သဖြင့် အထူးသတိထားပါ။ သားသမီးအတွက်ပူပန်ရမည်။ အချစ်ရေးမှာတော့ မိဘတို့သဘောတူသူနှင့် လက်ထပ်ရမည်၊ ချစ်ရသူနှင့်ဝေးရမည့်အခြေအနေ ဖြစ်နေလိမ့်မည်၊ ဘဝတစ်သက်တာအတွက် မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်ရန် လိုပါသည်၊ ချစ်သူနောက်လိုက်ရတတ်သည်။ အိမ်ထောင်ရှင်များ သားသမီးကိုအကြောင်းပြုပြီး စိတ်သောကရောက်ရတတ်သည်။ ပညာရေးသမားများ စာမေးပွဲအတွက် ယခုအချိန်ကပြင်ဆင်ရန်လိုအပ်ပါသည်။ အောင်မြင်မည်။ ဝန်ထမ်းများ သတိကြီးစွာထားအလုပ် လုပ်ရမည်။ မိမိနေရာအတွက် အတိုက်အခံရှိနေသည်။

အကျိုးပေးဂဏန်း – ၆၊၁၊၄ ယတြာ – စနေနေ့တွင် ရေသန့်များအား ရဟန်းများကို လှူပေးပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D-Palmistry. (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top