2019 World’s Ugliest Dog ပြိုင်ပွဲကို ပြီးခဲ့တဲ့ သောကြာနေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးဆိုတဲ့ဆုကို ရရှိသွားခဲ့တာက Scamp The Tramp ဆိုတဲ့ ခွေးလေးပါပဲ။
Scamp က အခြားရုပ်ဆိုးတဲ့ခွေး တစ်ဒါဇင်ကျော်ကို ပြိုင်ပွဲမှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ သခင် ယိုနီ မော်ရုန်းစ် (Yvonne Morones) က “Scampရဲ့အမွေးတွေက ဆွဲဆန့်လို့ရတဲ့ အမျိုးအစားပါ။ သူ့ရဲ့ခန္ဓာကိုယ်ကတော့ အမွေးမသန်ပါဘူး။ ဒါပေမဲ့လို့ သူ့ရဲ့ထိပ်ပိုင်းကအမွေးတွေက မီးခိုးရောင်ဖြစ်ပြီး ဆွဲဆန့်လို့သာရပါတယ်” လို့ ဖုန်းကနေ တဆင့် အင်တာဗျူးဖြေကြားခဲ့ပါတယ်။
ဒီပြိုင်ပွဲဟာ Scampရဲ့ လေးကြိမ်မြောက်ပြိုင်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက သူဟာ Top 5 စာရင်းထဲ ဝင်ခဲ့ဖူးပါတယ်။ တိရစ္ဆာန်ထိန်းသိမ်းရေးဂေယာမှာ ခုနှစ်နှစ်ကျော်နေခဲ့ရာကနေ Compton လမ်းမပေါ်မှာ နေထိုင်ဖြစ်ခဲ့တဲ့ Scamp ကို မော်ရုန်းက မွေးစားဖြစ်ခဲ့တာပါ။
အခုပြိုင်ပွဲမှာ Scampရဲ့ကိုယ်ရည်ကိုယ်သွေးကပဲ ပွဲလာပရိသတ်တွေကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။ မော်ရုန်းနဲ့ Scamp တို့က အမေရိကန်ဒေါ်လာ (၁၅၀၀) ကို ရရှိခဲ့သလို Today Show အစီအစဉ်မှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ နောက်ထပ် အမေရိကန်ဒေါ်လာ (၁၅၀၀) ကတော့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာကို လှူဒါန်းဖို့ဖြစ်ပါတယ်။

ဒုတိယဆုရှင် Wild Thang

တတိယဆုရှင် Tostito
ဒုတိယဆုကို Wild Thang အမည်ရတဲ့ ခွေးလေးကရရှိခဲ့သလို တတိယဆုကို Tostito ဆိုတဲ့ ခွေးလေးက ရရှိခဲ့ပါတယ်။

၂၀၁၈ခုနှစ်ရဲ့ ရုပ်အဆိုးဆုံးခွေး Zsa Zsa
ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ရုပ်အဆိုးဆုံးဆုရှင်ကတော့ အသက် (၉) နှစ်အရွယ် Zsa Zsa ဆိုတဲ့ ခွေးလေးပါပဲ။
Ref: BuzzFeed “This Year’s Winner Of The “World’s Ugliest Dog” Contest Is A Good Boy Named Scamp The Tramp”
WL (ရိုးရာလေး)