ခွေးလေးတွေရဲ့ဝမ်းဗိုက်ထဲ ဘိန်းဖြူထည့်ဖွက်ပြီးမှောင်ခိုသွင်းခဲ့တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်

11.png

စပိန်နိုင်ငံသား၊ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်တဲ့ အန်ဒရီအီလိုရက်ဇ် ( Andres Elorez ) ကို ဆယ်စုနှစ်တစ်ခုအကြာ ခွေးလေးတွေကိုအသုံးချပြီး အမေရိကန်ကို မူးယစ်ဆေးဝါးမှောင်ခိုသွင်းခဲ့တဲ့ရာဇဝတ်မှုနဲ့ စပိန်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က ဖမ်းဆီးရမိခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ပြစ်မှုကို အမေရိကန်ထံ လွှဲအပ်တရားစီရင်ခဲ့ပြီးတဲ့နာက် အန်ဒရီဟာ ထောင်ဒဏ် (၆) နှစ် ချမှတ်ခဲ့လိုက်ရပါပြီ။

သူဟာ ကိုလံဘီယာနိုင်ငံမှာ တိရစ္ဆာန်ဆေးကုပညာသင်ယူခဲ့ပြီး အထက်မြက်ဆုံးကျောင်းသားတွေထဲကတစ်ဦးဖြစ်ခဲ့ပေမဲ့ သူ့ရဲ့အရည်အချင်းကို မကောင်းမှုဘက်မှာ လွဲမှားစွာ အသုံးချခဲ့သူဖြစ်ခဲ့ပါတယ်။ သူက ခွေးကလေးတွေရဲ့ အစာအိမ်ကိုခွဲ၊ ဘိန်းဖြူအရည်အိတ်တွေထည့်သွင်းပြီး မူးယစ်မှောင်ခိုကူးနေခဲ့တာ ဆယ်စုနှစ်တစ်ခုစာကြာခဲ့ပါပြီ။ ဒီဖြစ်စဉ်မှာ ခွေးတစ်ကောင်ဟာ ဘိန်းဖြူအိတ်အသွင်းအထုတ်အတွက် နှစ်ကြိမ်ခွဲစိတ်ခံရတာဖြစ်သလို သေဆုံးသွားခဲ့တဲ့ ခွေးတွေလည်း ရှိပါတယ်။

ကိုလံဘီယာက ယာခင်းတစ်ခုထဲမှာ ခွေးတွေမွေးထားပြီး ခွဲစိတ်မှုတွေပြုလုပ်လေ့ရှိတဲ့ အန်ဒရီဟာ အဲဒီနေရာမှာပဲ ပိပိရိရိနဲ့ ခွေးတွေကိုအသုံးချပြီး ဘိန်းဖြူမှောင်ခိုသွင်းဖို့ ကြံစည်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူနဲ့အတူ အတွေ့အကြုံရင့် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးလည်း ဒီဖြစ်စဉ်မှာပါဝင်နေသေးကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး ရာဇဝတ်မှုကိုကျူးလွန်နေမိမှန်းသိလျက် “တိရစ္ဆာန်တွေအပေါ် ညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်ခြင်းကို အကာအကွယ်ပေးရမယ်” ဆိုတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ရဲ့ တာဝန်နဲ့ ကျင့်ဝတ်ကတိကို ဖောက်ဖျက်လုပ်ဆောင်ခဲ့မိကြောင်း အန်ဒရီက ဆက်လက်ထွက်ဆိုသွားခဲ့ပါတယ်။

Ref: abcnews “Veterinarian who smuggled liquid heroin into US through puppies’ bellies sentenced to 6 years in prison”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top