ဇနီးဟောင်းရဲ့အသက် (၅၀) ပြည့်မွေးနေ့ပွဲကိုတက်ရောက်ခဲ့တဲ့ ဘရက်ပစ် (Brad Pitt)

bb1.jpg

ဟောလိဝုဒ်မင်းသမီး ဂျနီဖာ အန်နစ္စတန် (Jennifer Aniston) က သူရဲ့ အသက် (၅၀) ပြည့်မွေးနေ့ပါတီပွဲကို ဖေဖော်ဝါရီ (၉) ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဂျနီဖာဟာ မင်းသားကြီး ဘရက်ပစ်ရဲ့ ဇနီးဟောင်းဆိုတာကို စာဖတ်ပရိသတ်တွေသိကြမှာပါ။ သူတို့နှစ်ယောက်က ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ လက်တွဲခဲ့ကြပါတယ်။ ထွက်ရှိလာတဲ့သတင်းတွေအရ မင်းသားကြီး ဘရက်ပစ်က ဇနီးဟောင်းအတွက် မွေးနေ့လက်ဆောင်ပို့ပေးခဲ့သလို မွေးနေ့ပါတီကိုလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဂျနီဖာရဲ့ သူငယ်ချင်းတွေအားလုံးက မွေးနေ့ပါတီမှာ ဘရက်ပစ်ကို မြင်ရတဲ့အတွက် ပျော်ရွှင်ကျေနပ်မိတယ်လို့ ဆိုပါတယ်။ ဘရက်ပစ်ဟာ မွေးနေ့ပါတီကိုတက်ဖို့ဖိတ်ကြားခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ သူက တစ်ကိုယ်တည်းဖြစ်နေသလို နှစ်တွေအကြာကြီး ဂျနီဖာနဲ့ ကုန်ဆုံးခဲ့ဖူးပြီး မွေးနေ့ပွဲသွားချင်တာကြောင့်လည်း ဂျနီဖာရဲ့မွေးနေ့ပွဲကို တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုထားပါတယ်။

ဘရက်ပစ်နဲ့ ရင်းနှီးသူတွေရဲ့ပြောစကားအရ ဘရက်ပစ်က သူ့ရဲ့ဇနီးဟောင်းအပေါ် အချစ်တွေရှိနေဆဲဖြစ်ပြီး မွေးနေ့ပါတီပွဲတက်ရောက်ခြင်းက သူတို့နှစ်ယောက်ရဲ့ခရီးကို ပြန်စဖို့ မျှော်လင့်တဲ့သဘော၊ အရာရာကို ပွင့်လင်းမြင်သာဖို့ ကြိုးစားနေတဲ့သဘောပါ။

ဘရက်ပစ်က ဒုတိယဇနီး အိန်ဂျလီနာ ဂျိုလီ (Angelina Jolie) နဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ကွာရှင်းခဲ့သလို ဂျနီဖာကလည်း ဂျက်စတင် သရူး (Justin Theroux) နဲ့ မင်္ဂလာသက်တမ်း နှစ်နှစ်ကျော်အကြာ ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလမှာ လမ်းခွဲလိုက်တာဖြစ်ပါတယ်။

Ref: Brad Pitt’s Sweet Birthday Gift For Jennifer Aniston Revealed For Her 50th Birthday Bash
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top