တရုတ်နှစ်သစ်ကူးကို Shadow Art ဂိမ်းနဲ့ ကြိုဆိုလိုက်တဲ့ Google Doodle

c1.jpg

ယခုလရဲ့အင်္ဂါနေ့က အာရှတခွင်နဲ့ကမ္ဘာအနှံ့အပြားမှာ ဆင်နွှဲလေ့ရှိတဲ့ တရုတ်နှစ်သစ်ကူး အချိန်အခါဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ နွေဦးပွဲတော်လို့ခေါ်ဝေါ်တဲ့ တရုတ်နှစ်သစ်ကူးအားလပ်ရက်ဟာ တရုတ်ရိုးရာဓလေ့ထုံးစံအရ နတ်ဘုရားတွေနဲ့ ဘိုးဘေးဘီဘင်တွေကို ရိုသေသမှုပြုတဲ့အချိန်အခါဖြစ်ပါတယ်။

ဒီနှစ်ဟာဆိုရင် ခွေးနှစ်ကနေ ဝက်နှစ်သို့ ကူးပြောင်းတဲ့နှစ်ဖြစ်တဲ့အတွက် Google က ဒီနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် လက်အရိပ်ကိုအသုံးပြုပြီး ပုံဖော်တဲ့ Shadow Art အမည်ရတဲ့ဂိမ်းကို ဖန်တီးထားပါတယ်။

ဂိမ်းကစားသူတွေဟာ သူတို့ရဲ့ဖုန်းကင်မရာ(သို့) Web Cam ကိုအသုံးပြုပြီး တရုတ်ရာသီခွင်စက်ဝိုင်းက တိရစ္ဆာန်တစ်ကောင်ပုံဖြစ်အောင် လက်ကို အသုံးပြုပုံဖော်ကြရတာဖြစ်ပါတယ်။ အဲဒီနောက် အရိပ်နဲ့ပုံဖော်ထားတဲ့အရုပ်လေးတွေပါဝင်တဲ့ Shadow Art ကို ဗီဒီယိုclipအတိုလေးနဲ့ ပြပေးပါတယ်။ တိရစ္ဆာန်တစ်ကောင်ချင်းစီပုံပေါ်ဖို့အတွက် နှစ်စက္ကန့်သာကြာမြင့်မှာဖြစ်ပြီး ဒီဂိမ်းကို အင်္ဂလိပ်၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ စပိန်၊ ပေါ်တူဂီဘာသာစကား အပါအဝင် ဘာသာစကား ၁၁ မျိုးနဲ့ ရနိုင်ပါတယ်။

Ref: CNet “Google Doodle welcomes Chinese New Year with AI game”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top