ကယ်လီဖိုးနီးယားပြည်နယ်ရှိအိမ်တစ်လုံးကို လေယာဉ်ဝင်တိုက်မိပြီး ငါးဦးသေဆုံး

air1.jpg

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းကို ဖြတ်သန်းလာတဲ့ လေယာဉ်အသေးစားတစ်စီးက အိမ်နောက်ဖေးမြေကွက်လပ်ကို မဆင်းသက်မီ အိမ်တစ်လုံးကို ဝင်တိုက်မိခဲ့ပြီး မီးလောင်ကျွမ်းသွားတဲ့အတွက် လူငါးဦးသေဆုံးခဲ့ပြီး လူနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

လေယာဉ်မောင်းနှင်လာတဲ့အမျိုးသားနဲ့ အိမ်ထဲရှိအမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ မီးလောင်သေဆုံးခဲ့တာဖြစ်ပြီး သူတို့ရဲ့ကိုယ်ရေးအချက်အလက်အပြည့်စုံကို ချက်ခြင်းထုတ်ပြန်ထားခြင်းတော့မရှိပါဘူး။

ယခုပျက်ကျခဲ့တဲ့လေယာဉ်က Fullerton Municipal Aiport ကနေ မိုင်များစွာ မောင်းနှင်လာခဲ့တဲ့ အင်ဂျင်နှစ်လုံးတပ် Cessna 414A လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ လက်ရှိမှာ မီးလောင်ဒဏ်ရာရရှိသူတွေကို ဆေးရုံတင်ထားရပြီး မီးသတ်သမားတစ်ယောက်ဟာလည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိတာကြောင့် ဆေးကုသမှုခံယူနေရပါတယ်။

The National Transportation and Safety Board က လေယာဉ်ဝင်တိုက်မိရတဲ့အကြောင်းအရင်းမှန်ကို စုံစမ်းစစ်ဆေးသွားမယ်လို့သိရှိရပါတယ်။

Ref: ABC News “5 die, 2 hospitalized when plane parts hit California house”

WL (ရိုးရာေလး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top