ကိုဗစ်-၁၉ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့က ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဗီဒီယိုတစ်ခု လွှင့်တင်

4-12-2020-yyl-029.jpg

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံတွေက ပိတ်ဆို့မှုတွေ၊ တားမြစ်ကန့်သတ်ချက်တွေ လုပ်နေရဆဲဖြစ်ပေမဲ့ ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က သူတို့မြို့ရဲ့ အလှတရားကို ဖော်ပြပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဗီဒီယိုတစ်ခု လွှင့်တင်ခဲ့ပါတယ်။

ဝူဟန်မြို့ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဗျူရိုရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ ကျန်းဒူရေကန်ရဲ့ စိမ်းစိုလှပနေတဲ့ သစ်တောရှုခင်းတွေ၊ နှစ်သက်တမ်း ၁၅၀၀ ကျော် ရှိတဲ့ ဟွမ်ဟွတ်မျှော်စင် (Yellow Crane Tower)ရဲ့ ညမြင်ကွင်းတွေကို ဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့ကို ဇန်နဝါရီလ ၂၃ ရက်ကနေ ဧပြီလ ၈ ရက်အထိ ၇၆ ရက်တိုင်တိုင် ပိတ်ဆို့ခဲ့လို့ ရောဂါကူးစက်ပြန့်ပွားမှု သိသိသာသာ ကျဆင်းသွားခဲ့ပြီး မေလနောက်ပိုင်း ဒေသတွင်း ကူးစက်မှု မရှိခဲ့ပါဘူး။

အဲဒီအတွက် ကပ်ရောဂါအန္တရာယ် လျော့ပါးသက်သာသွားချိန်မှာ ဝူဟန်မြို့ကို သွားရောက်လည်ပတ်ချင်တဲ့ တရုတ်နိုင်ငံသား အရေအတွက် သိသိသာသာ မြင့်တက်ခဲ့တယ်လို့ ပြီးခဲ့တဲ့ဧပြီလက Chinese Academy of Social Sciences Tourism Research Center နဲ့ Tencent Culture and Tourism Industry Research Center တို့ရဲ့ ပူးတွဲလေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၅ သန်းကျော်ရှိပြီး သေဆုံးသူ ၁.၅ သန်းကျော် ရှိနေတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြပါတယ်။ ကိုဗစ်-၁၉ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံကတော့ ကိုဗစ်-၁၉ ကူးစက်ခံရသူ အများဆုံး နိုင်ငံတွေစာရင်းမှာ အဆင့် (၇၂) နေရာ ရပ်တည်နေပါတယ်။

Ref: CNN ” Wuhan, the original epicenter of China’s Covid-19 outbreak, wants tourists to come back”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top