ကမ္ဘောဒီးယားနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် မိန်းကလေးငယ်တစ်ဦး သေဆုံး

24.2.2023-image-15.jpg

ကမ္ဘောဒီးယားနိုင်ငံမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ ဒါဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ၉ နှစ်အတွင်း လူတစ်ဦးကို ပထမဆုံးအကြိမ် ကြက်ငှက်တုပ်ကွေး ကူးစက်မှုဖြစ်တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြုပါတယ်။ပရေဗန်းခရိုင်မှာ နေထိုင်တဲ့ မိန်းကလေးငယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရတာကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ စစ်ဆေးတွေ့ရှိခဲ့တာပါ။ သူဟာ တစ်ပတ်ကြာအောင် အပြင်းဖျားခဲ့ပြီး ချောင်းဆိုး၊ လည်ချောင်းနာ ဝေဒနာတွေလည်း ခံစားခဲ့ရပါတယ်။ မိန်းကလေးရဲ့ ဖခင်ကို စစ်ဆေးရာမှာလည်း ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။

မိန်ကလေးငယ်ကို ဖနွမ်းပင် ကလေးဆေးရုံ တင်ပို့ခဲ့ပေမဲ့ ကြက်ငှက်တုပ်ကွေးရောဂါ စစ်ဆေးတွေ့ရှိပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တာပါ။ သူ့ရွာအနီးတစ်ဝိုက်က ငှက်သေတွေရဲ့ နမူနာတွေကို ကျန်းမာရေးအာဏာပိုင်တွေက စုဆောင်းခဲ့ပြီး ဒေသခံတွေအနေနဲ့ ငှက်သေ (သို့) နာမကျန်းဖြစ်နေတဲ့ ငှက်တွေကို ကိုင်တွယ်ထိတွေ့ခြင်း မပြုကြဖို့ သတိပေးထားပါတယ်။

ဒီဖြစ်ရပ်မတိုင်ခင်က ကမ္ဘောဒီးယားနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါကို နောက်ဆုံးအကြိမ် တွေ့ရှိခဲ့တာ ၂၀၁၄ ခုနှစ်က ဖြစ်ပါတယ်။

Ref: H5N1: Cambodian girl dies in rare bird flu case

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top