ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဂိုးသမားက ပရီးမီးယားလိဂ်ရဲ့ အညံ့ဆုံးဂိုးသမားဖြစ်နေ

yyl-008-13.jpg

ပြီးခဲ့တဲ့ရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင်(၇၁)သန်း(ဂိုးသမားတစ်ယောက်အတွက် အမြင့်ဆုံး ပြောင်းရွှေ့ကြေး)နဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ စပိန်ဂိုးသမား ကီပါဟာ ပရီးမီးယားလိဂ်ရဲ့ အညံ့ဆုံး ဂိုးသမားဖြစ်နေတယ်လို့ မှတ်တမ်းတွေက ဖော်ပြပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိနစ်(၁၀၀၀)ကျော် ပါဝင်ခွင့်ရတဲ့ ဂိုးသမားတွေကို မှတ်တမ်းပြုစုရာမှာ ကီပါက စုစုပေါင်းကာကွယ်နိုင်မှု ရာခိုင်နှုန်း၊ ဂိုးစည်းထဲက ကန်ချက်တွေကို ကာကွယ်နိုင်မှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်နေပါတယ်။ ဒါ့အပြင် ကာကွယ်နိုင်သင့်တဲ့ ဘောလုံးတွေကို ကာကွယ်နိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပေးသင့်တဲ့အတိုင်းအတာထက် ၆.၇၂ ဂိုး ပိုပေးထားရတာ တွေ့ရပါတယ်။

ဂိုးသမားတွေရဲ့ စွမ်းဆောင်မှု မှတ်တမ်းအားလုံးမှာ ကီပါက အောက်ဆုံးနေရာ ရောက်နေပါတယ်။ ကီပါရဲ့ ကာကွယ်နိုင်မှုဟာ ၅၅.၅၆ ရာခိုင်နှုန်းပဲရှိပြီး အဆင့်(၁၉)နေရာမှာရှိတဲ့ ဂျော်ဒန်ပစ်ဖို့ဒ်(အဲဗာတန်ဂိုးသမား)က ၆၃.၅၄ ရာခိုင်နှုန်း ကာကွယ်နိုင်ခဲ့ပါတယ်။ ကီပါဟာ ဂိုးဧရိယာအတွင်း ကန်ချက်တွေရဲ့ ၅၀ ရာခိုင်နှုန်းကိုပဲ ကာကွယ်နိုင်ခဲ့ပြီး အဆင့်(၁၉)နေရာမှာရှိတဲ့ နစ်ပုတ်(ဘန်လေဂိုးသမား)က ၅၇.၈၉ ရာခိုင်နှုန်း ကာကွယ်နိုင်ခဲ့ပါတယ်။ နစ်ပုတ်ဟာ ကာကွယ်နိုင်သင့်တဲ့ ဘောလုံးတွေကနေ ဂိုးပေးရမှု(၅.၃၇)ဂိုး ရှိခဲ့ပြီး ကီပါကတော့ (၆.၇၂)ဂိုး ရှိခဲ့ပါတယ်။ ၂၀၀၃-၂၀၀၄ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ မှတ်တမ်းတွေ စတင်ကောက်ယူခဲ့ပြီးနောက်ပိုင်း ဂိုးပေါက်ကန်ချက်/ပေးဂိုးအချိုးအစားမှာ လက်ရှိချဲလ်ဆီးအသင်းက ရာခိုင်နှုန်းအများဆုံးဖြစ်နေပြီး သူတို့ထက်ပိုဆိုးတဲ့အသင်း မရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top