ဒီရာသီမှာ Ballon d’Or ဆု မပေးတာ လီဝမ်ဒေါစကီးအတွက် လုံးဝမမျှတဘူးလို့ ဆို

28-7-2020-yyl-010.jpg

၂၀၂၀ ပြည့်နှစ်အတွက် Ballon d’Or ဆု ပေးအပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့တာဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးအတွက် လုံးဝမမျှတဘူးလို့ ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ကားဟိန့်ဇ်ရူမင်နစ်ဂီက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလကြောင့် ဆုပေးရွေးချယ်ရာမှာ အားလုံးတန်းတူဖြစ်စေမယ့် မျှမျှတတ အခြေအနေမရှိလို့ ဒီရာသီအတွက် Ballon d’Or ဆု ရွေးချယ်ပေးအပ်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ France Football က ကြေညာခဲ့ပါတယ်။ လီဝမ်ဒေါစကီးဟာ ဒီရာသီပြိုင်ပွဲစုံမှာ ၅၁ ဂိုးအထိ သွင်းယူထားပြီး ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ ရာသီဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါ၊ ပိုကယ်ဖလားတွေ ဆွတ်ခူးထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်တက်ဖို့ သေချာသလောက်ဖြစ်နေလို့( ၁၆ သင်းအဆင့် အဝေးကွင်းပွဲစဉ်မှာ ချဲလ်ဆီးကို ၃ ဂိုးပြတ် အနိုင်ရပြီး ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်ကစားဖို့ရှိနေ) ဖလား ၃ လုံး မျှော်လင့်ချက်ရှိနေသူပါ။ အဲဒီအတွက် လီဝမ်ဒေါစကီးက ဒီရာသီမှာ Ballon d’Or ဆုနဲ့ ထိုက်တန်တယ်လို့ ရူမင်နစ်ဂီက သုံးသပ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ကလည်း ဒီရာသီအတွက် Ballon d’Or ဆုကို လီဝမ်ဒေါစကီး ရရှိနိုင်တယ်လို့ ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top