နှစ် ၆၀ နီးပါးအတွင်း ဘန်လေကို ပထမဆုံးအကြိမ် အိမ်ကွင်းရှုံးပွဲကြုံခဲ့တဲ့ မန်ယူ

yyl-007-13.jpg

နှစ် ၆၀ နီးပါးအတွင်း ဘန်လေကို အိမ်ကွင်းမှာ ပထမဆုံး ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ မန်ယူအသင်း ကစားသမား တော်တော်များများကို ရှင်းထုတ်သွားမယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က လီဗာပူးကို (၂)ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ မန်ယူဟာ (၃)ရက်အကြာမှာ ကစားတဲ့ ဘန်လေနဲ့ပွဲမှာလည်း ခရစ္စဝုဒ်၊ ဂျေးရိုဒရီဂွက်ဇ်တို့ရဲ့ ဂိုးတွေကြောင့် (၂)ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရ အဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းနဲ့ (၆)မှတ် ကွာဟခဲ့ပါတယ်။ မန်ယူဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း အိုးထရက်ဖို့ဒ်ကွင်းမှာ ဘန်လေကို ပထမဆုံးအကြိမ် ရှုံးနိမ့်မှုဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ လူကာကူ၊ ဆန်းချက်ဇ်(အငှား)၊ ဟာရဲရား၊ ဗလင်စီယာတို့ကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့တဲ့ မန်ယူဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ နောက်ခံလူ အက်ရှ်လေယန်းကို ထွက်ခွာခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ်ကစားသမားတွေကို ရောင်းထုတ်ဖို့ ရှိနေသေးတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။ “ကျွန်တော်တို့ ကစားသမားရှင်းလင်းရေး စလုပ်နေပါပြီ။ အပြောင်းအရွှေ့ကာလမပိတ်မချင်း ဒီမေးခွန်းတွေကို ကျွန်တော် ဖြေနေရမှာပါ။ ကျွန်တော့်အတွက် အရေးအကြီးဆုံးကတော့ ကွင်းထဲမှာ ကျွန်တော့်အသင်း ခြေစွမ်းပြနိုင်ဖို့ပါပဲ။ ဒီညခြေစွမ်းကတော့ မန်ယူလို အသင်းမျိုးအတွက် မကောင်းပါဘူး’’လို့ ဆိုးလ်ရှားက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top