မန်ယူကိုကျော်ပြီး ချဲလ်ဆီးကို ရွေးချယ်ခဲ့လို့ ဂျွန်တယ်ရီရဲ့အဖေ ဒေါသထွက်

17-6-2020-yyl-016.jpg

မန်ယူကို ကျော်ပြီး ချဲလ်ဆီးကို ရွေးချယ်ခဲ့တဲ့အတွက် သူ့အဖေ ဒေါသပေါက်ကွဲတာ ခံခဲ့ရတယ်လို့ ချဲလ်ဆီးဂန္ထဝင် နောက်ခံလူဟောင်း ဂျွန်တယ်ရီက ပြောပါတယ်။ ချဲလ်ဆီးအသင်းမှာ ၁၉ နှစ်ကြာ ကစားခဲ့တဲ့ ဂျွန်တယ်ရီဟာ ချဲလ်ဆီးအသင်း ပြိုင်ပွဲစုံ ပွဲစဉ် ၇၁၇ ပွဲ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား(၅)လုံး အပါအဝင် ဆုဖလား(၁၇)လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ ဂျွန်တယ်ရီကို မန်ယူနဲ့ အာဆင်နယ်တို့အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းခဲ့ကြပြီး ဂျွန်တယ်ရီရဲ့မိသားစုက မန်ယူကို ပြောင်းစေချင်ခဲ့တာပါ။ ဒါပေမဲ့ ဂျွန်တယ်ရီကတော့ ချဲလ်ဆီးအသင်းကို ရွေးချယ်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ်ကတည်းက ချဲလ်ဆီးလူငယ်အသင်းကို ရောက်ရှိခဲ့သူပါ။

” အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ယူတစ်သင်းသင်းကို ရွေးလို့ရတယ်။ ဒီအသင်းအားလုံး ထိပ်တန်းအသင်းတွေပါပဲ။ ချဲလ်ဆီးအသင်းကို ရောက်သွားတဲ့အချိန်မှာ နေရာမှန်၊ လူမှန်ဖြစ်သွားသလို ခံစားရတယ်။ ကျွန်တော့်အဖေကတော့ ချဲလ်ဆီးကို မပြောင်းစေချင်ဘူး။ ချဲလ်ဆီးလူငယ်အသင်းမှာ ပါဝင်ဖို့ ကွင်းထဲမှာ ဖောင်ဖြည့်ရတာပါ။ ကျွန်တော့်အဖေက ကျွန်တော်နဲ့အတူ ကွင်းထဲကို မလိုက်ပေးဘူး။ ဖောင်ဖြည့်ပြီး လက်မှတ်ထိုးဖို့ မိဘတစ်ယောက် လိုတယ်။ အဲဒါက ကျွန်တော့်အမေက သူလိုက်ပေးမယ်လို့ ပြောတယ်။ ဒီလိုပြောတော့ အဖေက အမေ့ကို အော်ဟစ်ငေါက်ငမ်းတယ်။ ”မင်း မသွားရဘူး”လို့ ပြောတယ်။ ချဲလ်ဆီးလူငယ်အသင်းမှာ ကျွန်တော် စာချုပ်ချုပ်တဲ့ညက အဖေ ပေါက်ကွဲခဲ့တယ်”လို့ တယ်ရီက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top