ကလေး အသားဝါရောဂါအကြောင်း သိကောင်းစရာ

kalay.jpg

ဒီတစ်ခေါက်မှာတော့ မွေးကင်းစကလေးတွေမှာ အဖြစ်များလေ့ရှိတဲ့ အသားဝါရောဂါအကြောင်း တင်ပြပေးချင်ပါတယ်။ အသားဝါရောဂါဖြစ်ပြီဆို အသိသာဆုံးက မျက်လုံးအရောင်ပါ။ ကလေးရဲ့ မျက်လုံးအဖြူ သားက အဝါရောင်ပြောင်းသွားပြီဆိုရင် အသားဝါပိုးဝင်နေပြီဆိုတာ သိနိုင်ပါတယ်။

မျက်လုံးအရောင်ပြောင်းခြင်းနဲ့ အတူ တစ်ဆက်တည်းဖြစ်လာမှာက အသား အဝါရောင် ပြောင်းသွားခြင်းပါ။

ကလေးရဲ့သွေးထဲမှာ ဘီလီရူဘင်ပမာဏ အလွန့်အကျွံများပြားလာတာကြောင့် အသားဝါရောဂါဖြစ်တာပါ။ ဘီလီရူဘင်ဆိုတာက အဆီတွေကို ချေဖျက်ပေးတဲ့ သည်းခြေရည်ထဲမှာတွေ့နိုင်သော အဝါရောင် အညစ်အကြေး တစ်မျိုးပါ။

မွေးကင်းစကလေးတွေမှာ အသားဝါရောဂါအဖြစ်များပါတယ်။ အကြောင်းရင်းကတော့ ကလေးရဲ့အသည်းက ဖွံ့ဖြိုးစအချိန်မှာ ချေဖျက်နိုင်တဲ့ ပမာဏထက်ပိုများတဲ့ ဘီလီရူဘင်တွေ ကမြန်မြန်ဆန်ဆန် စုပုံလာတာကြောင့်ဖြစ်ပါတယ်။ အသိသာဆုံးလက္ခဏာကတော့ မျက်လုံးအရောင်ပဲဖြစ်ပြီး တခြားသိသာထင်ရှားတဲ့လက္ခဏာတွေက –

• အသားအဝါရောင်ပြောင်းလာခြင်း

• နွမ်းနယ်နေခြင်း

• ဂျီကျခြင်း

• ဖျားခြင်း

• ခံတွင်းပျက်ခြင်း တို့ပဲဖြစ်ပါတယ်။

ဒီလိုလက္ခဏာတွေ ပြသနေပြီဆိုရင်တော့ ကလေး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ပုံမှန် အသားဝါရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းတွေက-

ဇီယကမ္မနဲ့ဆိုင်သောအသားဝါရောဂါ

မွေးကင်းစကလေးတွေမှာ ဒီလို အသားဝါရောဂါမျိုး အဖြစ်များပါတယ်။ ကလေး ၂ နှစ် ၊ ၄ နှစ်သားအရွယ်လောက်မှာ အဖြစ်များပြီး အသည်းက အခုမှ စတင် ဖွံ့ဖြိုးဆဲ ဖြစ်လို့ပါ။

 

နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးစဉ်မှာ ကလေးကိုယ်ထဲက ဘီလီရူဘင်ဓာတ် ကို စွန့်ထုတ်ဖို့ လုံလောက်တဲ့ မိခင်နို့ရည် မထွက်ဘူးဆိုရင် ကလေးအသားဝါရောဂါဖြစ်တတ်ပါတယ်။ မိခင်နို့ထွက်များတာနဲ့ ဒီလိုအသားဝါမျိုးက ပျောက်သွားတတ်ပါတယ်။

 

မိခင်နို့ရည်

ရံဖန်ရံခါ မှာ မိခင်နို့ရည်ထဲပါလာတဲ့ အရာက ကလေးရဲ့အူကနေ ဘီလီရူဘင်ကိုစွန့်ထုတ်မယ့်အစား ပိုပြီးမြဲနေအောင် လုပ်ပေးတတ်ပါတယ်။ ဒီလို အသားဝါရောဂါမျိုးက ၁၂ပတ်လောက်နေရင် ပျောက်ကင်းပါတယ်။

 

စိုးရိမ်အဆင့်မှာရှိတဲ့ အသားဝါရောဂါတွေကို ကြည့်ရအောင်…

သွေးမကိုက်ညီတဲ့ အသားဝါရောဂါ

မိခင်နဲ့ ကလေး သွေးအမျိုးအစားမကိုက်ညီတဲ့အခါ မိခင်ရဲ့ ခန္ဓာကိုယ်က ဗိုက်ထဲမှာရှိနေတဲ့ ကလေးရဲ့ သွေးနီဥ ဆဲလ်တွေကို ဖျက်ဆီးပါတယ်။ ဒါကြောင့် ကလေးမွေးဖွားမလာခင်တည်းကကလေးရဲ့ သွေးနီဆဲလ်တွေက ပျက်စီးကုန်ပါတယ်။ ဒီလိုအသားဝါမျိုးက ကလေးတစ်ရက်သားမှာတည်းက သိသာပါတယ်။

 

ရောဂါပိုးဝင်ခြင်း

မွေးပြီးစကလေးတွေမှာ ဘက်တီးရီးယားရောဂါပိုးဝင်ရင်လည်း အသားဝါရောဂါဖြစ်နိုင်ပါတယ်။

 

ကိုယ်တွင်းသွေးထွက်လွန်ခြင်း

ကလေးရဲ့ကိုယ်တွင်းသွေးထွက်လွန်ရင်လည်းအသားဝါရောဂါဖြစ်နိုင်ပါတယ်။ မွေးကင်းစကလေးတွေမှာ အဖြစ်များပါတယ်။

 

အသားဝါရောဂါဆိုတာက အပျော့စားကနေ အရမ်းပြင်းထန်တဲ့ အသားဝါအထိဖြစ်တတ်ပါတယ်။ အရမ်းပြင်းထန်တဲ့ အသားဝါရောဂါမျိုးဆိုရင်က ကလေးရဲ့သွေးဖောက်လဲရတဲ့အထိ ပြုလုပ်ရပါတယ်။ ဒီလောက်ဆိုရင် အသားဝါရောဂါဖြစ်ရတဲ့ အကြောင်းရင်း နဲ့ အသားဝါအမျိုးအစားတွေ သိလောက်ပါပြီ ဖေဖေ ၊ မေမေတို့ရေ…

 

Ref: Parents.com

May Moe (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top