လေ့လာမှတ်သား မြန်မာစကားပုံများ

mmsar250720.jpg

စကားပုံဆိုတာ အနက်အဓိပ္ပါယ်နဲ့ ပြည့်စုံပြီး လူအများ စံပြု ပုံခိုင်းနှိုင်း ပြောဆိုလေ့ရှိကြတဲ့ စကား၊ ပြောထုံးစကားမျိုး ဖြစ်ပါတယ်။

ဒီနေ့ဖော်ပြပေးလိုက်တဲ့ “ဆင်ကန်းတောတိုး” စကားပုံက ဆင်ကန်းတစ်ကောင်ဟာ လမ်းမှန်းမသိ၊ တောချုံမှန်းမသိ ဇွတ်တိုးပြီးသွားတတ်သလိုမျိုး ဉာဏ်အမြော်အမြင်နည်းပါးသူတစ်ယောက်ဟာ အမှန်အမှားကိုမသိ၊ မိမိထင်ရာမြင်ရာအတိုင်း ဇွတ်ပြောဆိုပြုမူတတ်တာမျိုးနဲ့ ဆက်စပ်သုံးနှုန်းလေ့ရှိပါတယ်။

ဥပမာအသုံး

“ဆင်ကန်းတောတိုး သဘောမျိုးနဲ့ အကျိုးမရှိ မိုက်ရူးရဲမလုပ်ချင်ပါနဲ့လား”

မြန်မာစကားပုံတွေအကြောင်းကို အပတ်စဉ်တိုင်း ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ ရိုးရာလေးစာဖတ်ပရိသတ်တွေ အဓိပ္ပာယ်သိလိုတဲ့ စကားပုံတွေကိုလည်း တောင်းဆိုဆန္ဒပြုသွားခဲ့နိုင်ပါတယ်။

Ref: မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top