နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ရတဲ့တောင်ကိုရီးယားနာမည်ကြီးအဆိုအဖွဲ့ ASTRO အဖွဲ့ဝင် မွန်ဘင်း

20.4.2023-yyl-iamge-1.jpg

ASTRO အဖွဲ့ဝင် မွန်ဘင်းဟာ အသက် ၂၅ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ ဧပြီ ၁၉ ရက်နေ့က ဆိုးလ်ဂန်နမ်ရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မှာ အသက်သေဆုံးနေတာကို သူ့မန်နေဂျာက တွေ့ရှိခဲ့တယ်လို့ ချက်ခြင်းပဲ ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုးလ်ဂန်နမ်ရဲဌာနက ထုတ်ပြန်ထားပါတယ်။

ရဲတပ်ဖွဲ့ကတော့ မွန်ဘင်းဟာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်သွားခဲ့ပုံရတယ်လို့ ဆိုထားပါတယ်။ သေဆုံးမှုအတိအကျသိရဖို့ အလောင်းခွဲစိတ်စစ်ဆေးမှုလုပ်နေကြပါတယ်။ မွန်ဘင်းရဲ့အေဂျင်စီ Fatagio ကလည်း သူ သေဆုံးသွားတယ်ဆိုတဲ့သတင်းကို ဧပြီ ၂၀ ရက်နေ့ မနက်အစောပိုင်းမှာ ထုတ်ပြန်ချက်တစ်စောင်နဲ့အတည်ပြုပေးခဲ့ပါတယ်။.

“Fantagio ကပါ။ အရင်ဆုံး ဒီဝမ်းနည်းကြေကွဲစရာကောင်းတဲ့သတင်းကို ထုတ်ပြောပြရတဲ့အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်။ ဧပြီ ၁၉ ရက်နေ့မှာ ASTRO အဖွဲ့ဝင် မွန်ဘင်းက ရုတ်တရက် ကျွန်တော်တို့ကို ထားသွားခဲ့ပါတယ်။ အခုဆို ကောင်းကင်ယံမှာ ကြယ်တစ်ပွင့်ဖြစ်သွားခဲ့ပါပြီ။
ကျန်ရစ်သူမိသားစုရဲ့ဝမ်းနည်းပူဆွေးမှုနဲ့ နှိုင်းယှဥ်လို့မရနိုင်ပေမဲ့ သူ့နဲ့ အချိန်အကြာကြီးအတူရှိခဲ့တဲ့ Fantagio က သူ့ရဲ့တွဲဖက်အနုပညာရှင်တွေနဲ့ ဝန်ထမ်းတွေကလည်း ထိတ်လန့်တုန်လှုပ်ရင်းနဲ့ ပူဆွေးနေကြရပါတယ်။

ဒါဟာ မွန်ဘင်းကို ချစ်ပေးကြတဲ့၊ အားပေးပံ့ပိုးခဲ့ကြတဲ့ ပရိသတ်တွေကို ဒီသတင်းထုတ်ပြောပြရတာကပိုပြီး ကျွန်တော်တို့ကို နာကျင်စေပါတယ်။ ခွဲခွာသွားသူ (မွန်ဘင်း) အဆက်မပြတ်တွေးနေခဲ့တဲ့ သူ့ရဲ့ချစ်ပရိသတ်တွေအတွက်ဘယ်လောက်မျှမယှဥ်နိုင်တာကို ကျွန်တော်တို့ကောင်းစွာသိထားကြောင့် ဝမ်းနည်းပူဆွေးမှုက ပိုပြီးကြီးမားပါတယ်။

ဒီရုတ်တရက်အဖြစ်ဆိုးကြောင့် ဝမ်းနည်းကြေကွဲခဲ့နေရတဲ့ ကျန်ရစ်သူမိသားစုအတွက် ကွယ်လွန်သူကို လေးစားစွာ၊ ဝမ်းနည်းကြေကွဲစွာနဲ့ နှုတ်ဆက်နိုင်စေဖို့ ခန့်မှန်းပြောဆိုတာသို့မဟုတ် ဆိုးရွားတဲ့သတင်းထုတ်ပြန်တာမျိုးတွေမလုပ်ဖို့မေတ္တာရပ်ခံအပ်ပါတယ်။ ကျန်ရစ်သူမိသားစုရဲ့ဆန္ဒနှင့်အညီ ဈာပနကို တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ် ကျင်းပသွားမှာဖြစ်ပြီး မိသားစု၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ အေဂျင်စီ လုပ်ဖော်ကိုင်ဖက်တွေတက်ရောက်ကြမှာပါ။ ထပ်ပြီးတော့ ကျွန်တော်တို့ရဲ့ ဝမ်းနည်းကြေကွဲမှုကို ဖော်ပြပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွန်ဘင်းမသေဆုံးခင်က မကြာခင်ပြုလုပ်မယ့် Dream Concert မှာ ASTRO အဖွဲ့ခွဲ Moonbin&Sanha အနေနဲ့ ဖျော်ဖြေဖို့လုပ်ထားတာပါ။

Ref: ASTRO’s Moonbin Passes Away; Fantagio Confirms

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top