“Harry Potter” မင်းသမီး မက်ဂီစမစ်သ် အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်

28.9.2024-yyl-1.jpg

“Harry Potter” ဇာတ်လမ်းတွဲနဲ့ ပရော်ဖက်ဆာမီနာဗာ မက်ဂွန်နာဂါလီအဖြစ် လူသိများတဲ့ ဗြိတိန်မင်းသမီးကြီး မက်ဂီစမစ်သ်ဟာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးတော့ အသက် ၈၉ နှစ်ရှိပါပြီ။

စက်တင်ဘာ ၂၇ ရက်နေ့က အင်္ဂလန်၊ လန်ဒန်မြို့ရှိ Chelsea and Westmister Hospital မှာ မက်ဂီဟာ ငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့တယ်လို့ သားဖြစ်သူ ခရစ် လာကင်နဲ့ တိုဘီစတီဖန်တို့က ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးရခြင်းအကြောင်းအရင်းကိုတော့ ထုတ်ပြောပြခဲ့ခြင်းမရှိပါဘူး။

မက်ဂီက ၁၉၅၀ ခုနှစ်က ပြဇာတ်တွေမှာ ပါဝင်ရင်း သူ့ရဲ့အနုပညာအလုပ်ကို စတင်ခဲ့တာပါ။ ၁၉၇၀ ခုနှစ် နဲ့ ၁၉၇၉ ခုနှစ်တွေမှာ “The Prime of Miss Jean Brodie” နဲ့ “California Suite” ဇာတ်ကားတွေနဲ့ အော်စကာဆု ၂ ဆုရရှိခဲ့ပါတယ်။ သူဟာ အိမ်ထောင် ၂ ခါ ပြုခဲ့ပြီး ၁၉၇၉-၁၉၇၅ ခုနှစ်တွေ မှာ တွဲဖက်သရုပ်ဆောင် ရောဘတ်စတီဖန်နဲ့ လက်ထပ်ခဲ့ကာ ၁၉၇၅-၁၉၉၈ ခုနှစ်တွေမှာ တွဲဖက်သရုပ်ဆောင် ဘီဗာလေး ခရော့စ်နဲ့ လက်ထပ်ခဲ့ပါတယ်။

Ref: ‘Harry Potter’ star Maggie Smith dies aged 89

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top