ငလျင်ဒဏ်ကြောင့် ပြိုကျတဲ့ အဆောက်အအုံ အပျက်အစီးကြားကနေ မွေးကင်းစကလေးငယ်ကို ကယ်တင်နိုင်ခဲ့

8.2.2023-yyl-image-1.jpg

ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးတွေကြားကနေ မွေးကင်းစ ကလေးငယ်တစ်ယောက်ကို ကယ်ဆယ်ရေးသမားတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဂျင်ဒီရက်စ်မြို့ အဆောက်အအုံ အပျက်အစီးကြားကနေ မွေးကင်းစ မိန်းကလေးငယ်ကို ကယ်ထုတ်ခဲ့တာပါ။

လူ ၈၀၀၀ ကျော် သေဆုံးစေခဲ့တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်နေချိန်မှာပဲ သူ့အမေက မီးဖွားခဲ့တာဖြစ်ပြီး သူ့ကိုမွေးပြီး မကြာခင် သေဆုံးသွားခဲ့တာလို့ ဆွေမျိုးသားချင်းတစ်ဦးက ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုမှာ ကလေးငယ်ရဲ့မိဘနှစ်ပါးအပြင် အဒေါ်ဖြစ်သူနဲ့ မွေးချင်းလေးယောက်လည်း သေဆုံးခဲ့ပါတယ်။

ပြင်းအား ၇.၈ မဂ္ဂနီကျူ့စ်ရှိတဲ့ တူရကီငလျင်ကြောင့် ဆီးရီးယားနိုင်ငံမှာ ကလေးငယ်တွေရဲ့ နေအိမ်အဆောက်အအုံ အပါအဝင် အဆောက်အအုံ ၅၀ ပြိုကျခဲ့တာပါတယ်။ အဆောက်အအုံပြိုကျတဲ့ သတင်းကြားကြားချင်း ဆွေမျိုးသားချင်းတွေက သူတို့အိမ်ရှိရာကို အပြေးအလွှား လာခဲ့ကြတာပါ။

” အပျက်အစီးတွေကို တူးဖော်ဖယ်ရှားနေတုန်း ငိုသံကြားတယ်။ ဖုန်တွေ ရှင်းသွားတော့ တူမလေးကို ချက်ကြိုးတန်းလန်းနဲ့ တွေ့ခဲ့တာပါ။ အဲဒါနဲ့ ချက်ကြိုးဖြတ်ပြီး ဆေးရုံပို့ခဲ့တာပါ” လို့ ကလေးငယ်ရဲ့ဦးလေးက ပြောပါတယ်။
အခုချိန်မှာတော့ ကလေးငယ်ဟာ ကျန်းမာရေးစိတ်ချရတဲ့ အခြေအနေရှိတယ်လို့ ဆေးရုံမှ ဆရာဝန်က ပြောပါတယ်။

Ref: Turkey-Syria earthquake: Newborn baby pulled from collapsed building

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top