ကလေးငယ်ရဲ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေတဲ့ ဓာတ်ပုံတစ်ပုံ

child.jpg

ဖိလစ်ပိုင်နိုင်ငံမှ ၉ နှစ်သားအရွယ် အိမ်ရာမဲ့ ကလေးငယ်တစ်ယောက်ဟာ သူ့အိမ်မှာ လျှပ်စစ်မီးမရလို့ မက်ဒေါ်နယ်စားသောက်ဆိုင်ရှေ့က အလင်းရောင်ရတဲ့နေရာမှာ အိမ်စာ လာလုပ်နေတဲ့ ဓာတ်ပုံပါ။ ဒီဓာတ်ပုံက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီး ကလေးငယ်ရဲ့ မယိုင်မလဲ ခိုင်မြဲတဲ့စိတ်ဓာတ်နဲ့ ပညာရေးကို ပြင်းပြင်းပြပြ လိုလားမှုတွေကိုလည်း လူအများက ချီးကျူးခဲ့ကြပါတယ်။ ကမ္ဘာတလွှားမှာလည်း အလားတူအခြေအနေမျိုး ကြုံနေရတဲ့ ကလေးငယ်တွေ ရှိနေတယ်ဆိုတာကိုလည်း မီးမောင်းထိုးပြနိုင်ခဲ့တဲ့ ဓာတ်ပုံပါ။

အဲဒီဓာတ်ပုံကြောင့်ပဲ ဖိလစ်ပိုင်ကလေးငယ်ကို လူတွေ သတိထားမိသွားပြီး ကူညီပံ့ပိုးပေးမယ့်သူ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ ပညာသင်စရိတ်အားလုံးကို အကုန်အကျခံပေးမယ့် ပညာသင်ဆု ပေးအပ်ခဲ့သလို အရွယ်ရောက်တဲ့အထိ ပညာသင်နိုင်မယ့် အခွင့်အလမ်းတွေလည်း ရရှိခဲ့ပါတယ်။

မက်ဒေါ်နယ်ဆိုင်ရဲ့ အလင်းရောင်အောက်မှာ ကလေးတစ်ယောက် အိမ်စာ လုပ်နေတာကို အမှတ်မထင် ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံလေးတစ်ပုံကပဲ ဒီကလေးငယ်ရဲ့ ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့တာပါပဲ။

Ref: Image of homeless boy doing homework outside a McDonald’s inspires people to crowdfund his education


NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top