ဘီးတပ်ကုလားထိုင် အသုံးပြုရတဲ့ သူ့ပရိသတ်ကို ခရစ်မာတင်က စင်ပေါ်ခေါ်ပြီး တွဲဖက်ဖျော်ဖြေခွင့်ပေးခဲ့

22.12.23-yyl-1.jpg

Coldplay တေးဂီတအဖွဲ့ရဲ့ ရှေ့ထွက်အဆိုတော် ခရစ်မာတင်က အနုပညာ အရည်အသွေး မြင့်သလောက် အနေအထိုင် အေးဆေးပြီး နှိမ့်ချစွာ နေထိုင်တတ်သူပါ။ အခုလည်း သူ့ရဲ့ လုပ်ရပ်တစ်ခုက သူ့ပရိသတ်တစ်ယောက်အတွက် တစ်ဘဝလုံး အမှတ်တရ ဖြစ်စေခဲ့တယ်။

အိုင်ယာလန်နိုင်ငံသား ရော့အိုဘန်းဟာ ခါးအောက်ပိုင်း အကြောသေနေပြီး ဘီးတပ်ကုလားထိုင် အသုံးပြုရသူပါ။ လက်တစ်ဖက်ပဲ မြှောက်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ဝါသနာအရ ရှိုးပွဲတွေတော့ အမြဲသွားကြည့်သူပါ။ ရော့က Coldplay ရဲ့ အမာခံပရိသတ်တစ်ယောက်ပါ။

ဒဗ္ဗလင်မြို့မှာ Coldplay လာဖျော်ဖြေတော့ ရော့က သွားကြည့်ခဲ့ပါတယ်။ လူကြိတ်ကြိတ်တိုး စည်ကားတဲ့ အဲဒီပွဲမှာ လူတစ်ယောက်က သူ့အပေါ် ပြုတ်ကျခဲ့ပြီး ရော့က ဘီးတပ်ကုလားထိုင် အသုံးပြုရသူမှန်း တွေ့သွားခဲ့ပါတယ်။ ” ခင်ဗျား မြင်ရရဲ့လား။ ကျွန်တော် ပွေ့ချီပြီး ပြမယ်လို့ ပြောတယ်။ အဲဒီနောက်မှာ လူအုပ်ကြီးက ကျွန်တော့်ဝှီးချဲကို ဝိုင်းမပေးကြတယ်။ လုံခြုံရေးတွေက ကျွန်တော့်ကို ပြန်ချထားဖို့ ဝိုင်းတားကြပေမဲ့ ခရစ်မာတင်က မြင်သွားပြီး စင်ပေါ်က ဖိတ်ခေါ်ခဲ့တာပါ”လို့ ရော့က ဆိုပါတယ်။

ခရစ်မာတင်က ရော့ကို ပွေ့ဖက်နှုတ်ဆက်ပြီး အသက်၊ အလုပ်အကိုင်၊ ဘယ်က လာသလဲလို့ မေးမြန်းခဲ့ပါတယ်။ ခဏချင်းအတွင်းမှာပဲ ဒဗ္ဗလင်မြို့နဲ့ ရော့အကြောင်း၊ အသံကုန် ဟစ်အော် အားပေးကြတဲ့ ပရိသတ်တွေအကြောင်း သီချင်းတစ်ပိုဒ်ကို လက်တန်းစပ်ပြီး သီဆိုသွားခဲ့တာပါ။ ခရစ်မာတင်က သီချင်းဆိုနေချိန်မှာ ရော့က ဘာဂျာမှုတ်ပြီး အတူတကွ ဖျော်ဖြေခွင့် ရခဲ့ပါတယ်။

ဗီဒီယိုကို ကြည့်ရှုရန်

Ref: He Crowdsurfed in a Wheelchair to the Stage and Coldplay Pulled Him Up to Play Harmonica (Watch)

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top