သေမယ့်နေ့ကိုပါ ခန့်မှန်းပေးနိုင်မယ့် ဉာဏ်ရည်တုစနစ်တစ်ခုကို သိပ္ပံပညာရှင်တွေ တီထွင်ခဲ့

21.12.23-yyl-11.jpg

သေမယ့်နေ့အပါအဝင် လူတစ်ဦးရဲ့ဘဝမှာ ကြုံလာရမယ့်အရာတွေကို တွက်ဆခန့်မှန်းပေးနိုင်တဲ့ ဉာဏ်ရည်တုစနစ်တစ်ခုကို အမေရိကန်နဲ့ ဒိန်းမတ်သိပ္ပံပညာရှင်တွေက တီထွင်ခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံက လူ ၆ သန်းရဲ့ မွေးသက္ကရာဇ်၊ ပညာသင်ကြားမှု၊ လစာ၊ နေရပ်လိပ်စာ၊ကျန်းမာရေး အစရှိတဲ့ အချက်အလက်တွေကို အသုံးပြုပြီး Life2vec လို့ အမည်ရတဲ့ ဉာဏ်ရည်တုစနစ်ကို လေ့ကျင့်ပေးခဲ့တာပါ။ အဲဒီအချက်အလက်တွေကို အခြေခံပြီး လူတစ်ယောက် ဘယ်အချိန် သေမလဲဆိုတာကို Life2vec က ခန့်မှန်းနိုင်စွမ်းရှိတယ်လို့ အဲဒီစနစ်ကို ဖန်တီးခဲ့သူတွေက ဆိုပါတယ်။

အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်ကြား အုပ်စု (ယင်းတို့အနက် တစ်ဝက်မှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ကြား ကွယ်လွန်ခဲ့သူတွေ ဖြစ်) ကို စမ်းသပ်ခန့်မှန်းရာမှာ Life2vec က ဘယ်သူတွေ သေဆုံးခဲ့ပြီး၊ ဘယ်သူတွေ အသက်ဆက်ရှင်နေတယ်ဆိုတာကို ၇၈ ရာခိုင်နှုန်းအထိ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ Life2vec ဟာ ဒိန်းမတ်နိုင်ငံသားတွေရဲ့ ဒေတာတွေကိုသာ သီးသန့်လေ့ကျင့်ခဲ့တာဖြစ်လို့ အခြားနိုင်ငံသားတွေရဲ့ အနာဂတ်ဖြစ်ရပ်တွေကို ခန့်မှန်းရာမှာ အဲဒီလောက်အထိ တိကျနိုင်ဖွယ်မရှိဘူးလို့ ဒိန်းမတ်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဂျော်ဂျန်ဆန် ဦးဆောင်တဲ့ သုတေသနအဖွဲ့က ဆိုပါတယ်။

လုပ်ငန်းစုကြီးတွေက လူတွေအပေါ်မှာ အဲဒီလို နည်းပညာမျိုး အသုံးပြုကောင်း အသုံးပြုနေနိုင်ပေမဲ့ Life2vec စနစ်ကိုတော့ လုပ်ငန်းစုကြီးတွေ လက်ထဲမရောက်အောင် ကာကွယ်သင့်တယ်လို့လည်း ဂျော်ဂန်ဆန်က သတိပေးခဲ့ပါတယ်။

Ref: Scientists Create AI System That Can Predict When You Die with Startling Accuracy

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top