ကွာလာလမ်ပူလေဆိပ်မှာ ခရီးဆောင်အိတ်ထဲကနေ လိပ်သားပေါက် (၅၀၀၀) ကျော်တွေ့

65564158_2451198788244360_7123794140541747200_n.jpg

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့လေဆိပ်မှာ ခရီးဆောင်အိတ်တစ်လုံးထဲကနေ လိပ်သားပေါက် (၅၀၀၀) ကျော် တွေ့ရှိခဲ့ပါတယ်။ ခရီးဆောင်အိတ်ထဲထည့်လာတဲ့ခြင်းတောင်းထဲမှာ ကုန်းတစ်ပိုင်း ရေတစ်ပိုင်း နားရွက်နီလိပ်သားပေါက် (၅၂၅၅) ကောင် တွေ့ရှိခဲ့ရပြီး အိန္ဒိယနိုင်ငံသား (၂) ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

သူတို့ (၂) ယောက်ဟာ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ကနေ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကိုပျံသန်းတဲ့ လေယာဉ်နဲ့ လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အိမ်မွေးတိရစ္ဆာန်အဖြစ်ပြန်လည်ရောင်းချမယ့် လိပ်သားပေါက်တွေဟာ ဈေးကွက်ပေါက်ဈေး အမေရိကန်ဒေါ်လာ (၁၂၇၀၀) နီးပါး ရှိပါတယ်။ သားရဲတိရစ္ဆာန်တွေကို အာရှနိုင်ငံတွေမှာရောင်းချမယ့် တရားမဝင်မှောင်ခိုသမားတွေအတွက် မလေးရှားနိုင်ငံက အဓိကဆုံမှတ်ဖြစ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top