လူသတ်မှုနဲ့ ၂၇ နှစ် အကျဉ်းကျခဲ့ပြီးမှ အပြစ်မရှိလို့ ပြန်လွတ်လာခဲ့သူ

30-7-2020-yyl-017.jpg

တရုတ်နိုင်ငံ အရှေ့ပိုင်းက အမျိုးသားတစ်ယောက်ဟာ လူသတ်မှုနဲ့ ၂၇ နှစ်ကြာ အကျဉ်းကျခံရပြီးနောက် လူသတ်မှုနဲ့ သက်ဆိုင်ခြင်းမရှိလို့ တရားသေလွတ်မြောက်ခဲ့ပါတယ်။ ကျန်းယုဟွမ်ဟာ ၁၉၉၃ ခုနှစ်က အိမ်နီးနားချင်း ကလေးငယ်နှစ်ယောက်ကို သတ်ခဲ့တယ်လို့ သံသယရှိခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က သူ့ကို နှိပ်စက်ခဲ့ပြီး အတင်းအကြပ် ဖြောင့်ချက်ပေးခိုင်းခဲ့တယ်လို့ ကျန်းယုဟွမ်က ပြောပါတယ်။ ကျန်ဇီပြည်နယ် အကျဉ်းထောင်မှာ ၉၇၇၈ ရက်ကြာ အကျဉ်းကျခံခဲ့ရတဲ့ ကျန်းယုဟွမ်ဟာ တရုတ်နိုင်ငံမှာ စီရင်ချက် မှားယွင်းချမှတ်ခံရသူတွေအနက် အချိန်အကြာဆုံး အကျဉ်းကျခံခဲ့ရသူဖြစ်ပါတယ်။

သူ့ရဲ့ဖြောင့်ချက်ဟာ ရှေ့နောက် မညီညွတ်မှုတွေရှိပြီး မူလရာဇဝတ်မှုနဲ့ ကိုက်ညီမှုမရှိဘူးလို့ အမှုပြန်ဖွင့်ခဲ့တဲ့ အစိုးရရှေ့နေတွေက ပြောပါတယ်။ တရုတ်နိုင်ငံဟာ စီရင်ချက်မှားယွင်းချမှတ်ခံရသူတွေကို ပြစ်ဒဏ် ပယ်ဖျက်ပေးဖို့ ပိုလိုလားလာပေမဲ့ ရာဇဝတ်မှုအတွက်ပဲ အဓိကထားပြီး နိုင်ငံရေးအမှု အကျဉ်းသားတွေ မပါဝင်ဘူးလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ တရုတ်မီဒီယာက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာ ကျန်းယုဟွမ်က အသက် ၈၃ နှစ်ရှိတဲ့ သူ့ရဲ့မိခင်၊ သူ့ရဲ့ဇနီးဟောင်းတို့နဲ့ ဝမ်းမြောက်ဝမ်းသာ ပြန်လည်ဆုံစည်းခဲ့တာ တွေ့ရပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top