ကျည်ဖြည့်ထားတဲ့ AK47 ရိုင်ဖယ်နဲ့အတူ ဒေါ်နယ်ထရမ့်ရဲ့ အပန်းဖြေစခန်းထဲ ဝင်ရောက်ခဲ့တဲ့ ဆယ်ကျော်သက်သုံးယောက် စွဲချက်တင်ခံရ

30-7-2020-yyl-018.jpg

ကျည်ဖြည့်ထားတဲ့ AK47 ချေမှုန်းရေးရိုင်ဖယ်တစ်လက် ကိုင်ဆောင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖလော်ရီဒါအပန်းဖြေစခန်းကို အမှတ်မထင် ဝင်ရောက်မိခဲ့လို့ ဆယ်ကျော်သက် ကလေးငယ်သုံးယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ Mar-a-Lago ကလပ်အနီးမှာ ရပ်ထားတဲ့ သူတို့ရဲ့ ကားနားကို Palm Beach ရဲတပ်ဖွဲ့ ချဉ်းကပ်လာခဲ့ပြီးချိန်မှာ လူငယ်များက ထွက်ပြေးခဲ့လို့ လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ အသက် ၁၅ နှစ်အရွယ်ရှိတဲ့ လူငယ်တွေဟာ နံရံကိုကျော်တက်ပြီး အဆောက်အအုံထဲ ဝင်ရောက်ပုန်းအောင်းခဲ့ပါတယ်။ လူငယ်တွေကို လိုက်ဖမ်းခဲ့ချိန်တုန်းက အဲဒီအပန်းဖြေစခန်းမှာ ဒေါ်နယ်ထရမ့် မရှိပါဘူး။

အဲဒီအပန်းဖြေစခန်းကလည်း လက်ရှိအချိန်မှာ ပိတ်ထားတာပါ။ လူငယ်တွေက ထွက်ပြေးခဲ့ပြီးချိန်မှာ အပန်းဖြေစခန်းရဲ့ ရေတားပေါ်ကနေ လွယ်အိတ်တစ်လုံးကို လွှင့်ပစ်ခဲ့တာပါ။ အဲဒီလွယ်အိတ်ထဲမှာ ကျည်ဖြည့်ထားတဲ့ မောင်းပြန်ရိုင်ဖယ်နဲ့ ကျည်ဆန် ၁၄ တောင့် ထည့်နိုင်တဲ့ကျည်ကပ် ပါပါတယ်။ ” သူတို့က ဘယ်နေရာကို ရောက်နေလဲဆိုတာ မသိကြပါဘူး”လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အိုဂရော့နစ်က ပြောပါတယ်။ အပန်းဖြေစခန်းထဲမှာ ဒေါ်နယ်ထရမ့်တို့မိသားစုရှိနေရင် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးနိုင်တယ်လို့ ဆိုပါတယ်။ လူငယ်တွေဟာ လက်နက်ဖြင့် ပိုင်နက်ကျူးကျော်မှု၊ လက်နက်ဖြင့် ဖောက်ထွင်းမှု၊ ဖမ်းဆီးမှုကို အကြမ်းမဖက်ဘဲ ခုခံမှု စတဲ့ စွဲချက်တွေ ရင်ဆိုင်နေရပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top