ကျောင်းစောင့်ဘဝကနေ ကျောင်းအုပ်ကြီး ဖြစ်လာခဲ့သူ (သို့) ဇွဲလုံ့လရဲ့ပြယုဂ် ဆွန်နီယာ

14.3.2023-yyl-iamge-16.jpg

” လွန်ခဲ့တဲ့ ၃၃ နှစ်က ကျောင်းစောင့်အဖြစ် အလုပ်ဝင်လုပ်တုန်းက တစ်ချိန်ကျရင် ဒီကျောင်းရဲ့ကျောင်းအုပ်ကြီး ဖြစ်လာမယ်လို့ ဘယ်သူ ထင်မှာလဲ”ဒီစကားကို ပြောခဲ့သူကတော့ ကျောင်းစောင့်ဘဝကနေ ကျောင်းအုပ်ကြီး ဖြစ်လာခဲ့သူ ဂျိုးဆက်ဂါဘေးဆွန်နီယာပါပဲ။ ဆွန်နီယာက လူဝီစီယားနားပြည်နယ်၊ ပို့တ်ဘလဲမြို့ မူလတန်းကျောင်းမှာ ကျောင်းစောင့်အလုပ် လုပ်ပါတယ်။ တစ်နေ့မှာတော့ ကျောင်းအုပ်ကြီး ဝက်စ်လေဂျုံးစ်က သူ့ကို ခေါ်ပြီး ” အမှိုက်သိမ်းတဲ့အလုပ်ထက်စာရင် အဖြေလွှာတွေကို စစ်ဆေးပြီး အမှတ်ခြစ်ပေးရတဲ့အလုပ်က မင်းနဲ့ ပိုကိုက်လိမ့်မယ်” လို့ ပြောခဲ့တာပါ။

အဲဒီနောက်မှာတော့ ဆွန်နီယာက ကျောင်းအုပ်ကြီးရဲ့ အကြံပေးချက်အတိုင်း ကျောင်းပြန်တက်တယ်။ အဲဒီအချိန်မှာ သူ့အသက် ၃၉ နှစ် ရှိနေပါပြီ။ နံနက် ၅ နာရီဆို ဆွန်နီယာ ကျောင်းရောက်နေပါပြီ။ သူက နံနက် ၇ နာရီအထိ ကျောင်းစောင့်အဖြစ် လုပ်စရာရှိတာတွေ လုပ်တယ်။ ပြီးရင် လူဝီစီယားနားတက္ကသိုလ်ကို သွားတယ်။ စာသင်တယ်။ တစ်ခါတလေ ညတန်းခွဲတွေ တက်ရတယ်။ တစ်ခါတလေ အပြန်ကျရင် ကျောင်းမှာ အလုပ်ဝင်လုပ်ရသေးတယ်။

၂၀၀၆ ခုနှစ်မှာတော့ အထွေထွေလေ့လာမှုဆိုင်ရာ တွဲဖက်ဘွဲ့ရတယ်။ နောက် ၂ နှစ်ကြာတော့ မူလတန်းပြဆရာအဖြစ် ဘွဲ့ရတယ်။ အဲဒီနောက် မာစတာဘွဲ့ ထပ်ယူတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာတော့ သူက ပို့တ်ဘလဲမြို့ မူလတန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး ဖြစ်လာခဲ့ပါပြီ။

ဆွန်နီယာဟာ မိဘနှစ်ပါး အိမ်ထောင်ကွာရှင်းမှုကြောင့် ကောလိပ်ပထမနှစ်ဝက်မှာတင် ကျောင်းထွက်ခဲ့ရပြီး အလုပ်ဝင်လုပ်ခဲ့တာပါ။ ဒါပေမဲ့ ကျောင်းအုပ်ကြီးရဲ့ စကားတစ်ခွန်းက သူ့အနာဂတ်ကို ပြောင်းလဲစေခဲ့ပြီး သူကလည်း မလျှော့သော ဇွဲလုံ့လနဲ့ ကြိုးစားခဲ့လို့ ကျောင်းစောင့်အဖြစ်ကနေ ကျောင်းအုပ်ကြီး ဖြစ်လာခဲ့တာပါ။

Ref: He worked as an elementary school’s janitor for 27 years, then one day, he became its principal

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top