လက်သန့်ဆေးရည်အမြဲသုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတချို့
လက်ရှိမှာဖြစ်ပွားနေတဲ့ ကပ်ရောဂါကြီးကြောင့် လက်သန့်ဆေးရည်ကို အရင်ကထက်ပိုပြီး အသုံးပြုနေကြရပါတယ်။ အပြင်ထွက်တဲ့အခါမျိုးတွေမှာ လက်ကို ဆပ်ပြာနဲ့ ဆေးဖို့မဖြစ်နိုင်တဲ့အတွက် လက်သန့်ဆေးရည်ကို ရွေးချယ်ကြရပါတယ်။ ဒါမှ ကျွန်တော်တို့ကို ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကနေ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ လက်သန့်ဆေးရည်ကို မကြာခဏ အသုံးပြုပေးဖို့လည်း ကျွမ်းကျင်ပညာရှင်တွေက…

