ပဲကတ္တီပါရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

4-5-2020-yyl-001.jpg

ပဲကတ္တီပါလို့ပြောလိုက်ရင်ကိုထွေထွေထူးထူးသိပ်ပြောစရာမလိုအောင်လူတိုင်းသိထားပြီးသားဖြစ်မယ်ထင်ပါတယ်နော်။ အညိုရောင်ရင့်ရင့်လေးဖြစ်ပြီး စားလိုက်ရင် ခပ်ဆိမ့်ဆိမ့်အရသာလေးနဲ့ စားကောင်းပါတယ်။ ပဲကတ္တီပါကိုပြုတ်ပြီးစားကြတာပါ။ပြုတ်ပြီးသားပဲကတ္တီပါကိုမှာ ကြက်သွန်းစိမ်းနဲ့ သုတ်စားတာဖြစ်ဖြစ်၊ ကြော်စားတာမျိုး ဖြစ်ဖြစ်စားတတ်ကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာ စားသုံးကြပါတယ်။

ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေတာလဲ ဒီစားကောင်းတဲ့ ပဲကတ္တီပါမှာ

ပရိုတင်း၊ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့fatty acids၊ ကစီဓါတ် နဲ့အမိုင်နိုအက်ဆစ် တို့ပါဝင်နေပါတယ်။ ခန္ဓါကိုယ်ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုနိုင်တဲ့ စားစရာတစ်ခုပါ။ ဆေးဖက်ဝင်တဲ့ စားစရာတစ်ခုဆိုလည်း မမှားပါဘူး။

ပဲကတ္တီပါကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

သိမြင်မှုစွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်

ပဲကတ္တီပါမှာL-dopa လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်တွေကိုတက်ကောင်းမွန်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေနိုင်ပါတယ်။ ဦးနှောက်ကိုကျန်းမာစေနိုင်ပြီး စိတ်ဖိစီးမှုကင်းစေနိုင်ပါတယ်။

အစာခြေစနစ်ကိုကျန်းမာစေနိုင်တယ်

အစာခြေစနစ်ကို ကောင်းကောင်းလည်ပတ်နိုင်စေဖို့အတွက် ထောက်ပံ့ပေးပြီး အူလမ်းကြောင်းတွင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ တိုးတက်အောင်ကူညီပေးပါတယ်။ အစာခြေလမ်းကြောင်းတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဝမ်းမှန်စေပါတယ်။

အာရုံကြောစနစ်ကို ကျန်းမာစေနိုင်တယ်

အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပြီး ပါကင်ဆန်ရောဂါခံစား နေရသူတွေအတွက် အထူးသင့်တော်ပါတယ်။

စိတ်ခံစားမှုကောင်းမွန်စေနိုင်ပါတယ်

စိတ်ဓါတ်ကျတာ၊ စိတ်ခံစားမှု ပုံမှန်မဟုတ်တာမျိုးတွေအတွက် သင့်တော်ပါတယ်။ စိတ်ဓါတ်ကျတာကို သက်သာစေဖို့အတွက်လည်း စာသုံးပေးသင့်ပါတယ်။ နာတာရှည် စိတ်ဓါတ်ကျတာတွေအတွက် အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။

အိပ်ပျော်စေတယ်

ညဘက်ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် တစ်နေ့တာမှာခြေကုန် လက်ပမ်းကျေနပြီး ဘာမှ မလုပ်ချင်မကိုင်ချင်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အသင့်တော်ဆုံးဖြစ်မယ့် စားစရာက ပဲကတ္တီပါ။ ဒါကြောင့် ညဘက်တိုင်းကောင်းကောင်းအိပ်ပျော်ပြီး တစ်နေ့တာမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင် ပဲကတ္တီပါစားသုံးပေးပါနော်။

စရိတ်စကလည်း မများဘဲ စားရတာလည်းလွယ်တဲ့ ပဲကတ္တီပါကို စားသုံးပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။

Ref : hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top