နွေရာသီမှာ ကြည့်ကောင်းနေစေဖို့ တစ်နေ့တာ အသားရေထိန်းသိမ်းနည်း

7-5-2020-yyl-038.jpg

ကျွန်မတို့တွေက တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ မဖြစ်မနေ အသားရေကို ဂရုစိုက်ဖြစ်ကြမယ်ထင်ပါတယ်။ တချို့တွေက နွေရာသီရောက်လာတာနဲ့ အသားရေထိန်းသိမ်းဖို့အတွက် အလှကုန်ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ကြပါတယ်။ အလှကုန်ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ထားပေမဲ့ နေ့တိုင်းသင့်တင့်တဲ့ အသားရေထိန်းသိမ်းမှုမလုပ်ရင် အလကားပါပဲ။ နွေရာသီက ကျွန်မတို့ရဲ့အသားရေကို စိန်ခေါ်မှုတွေလုပ်နေတဲ့ရာသီပါ။ ပြင်းထန်တဲ့အပူချိန်ကို ကျွန်မတို့ရဲ့အသားရေကို ပျက်စီးစေနိုင်ပါတယ်။ အပူချိန်များလာတာနဲ့ အသားရေတွေ ပိုပြီးအဆီပြန်လာပြီး သက်တောင့်သက်သာမဖြစ်နိုင်ပါဘူး။ ကျွန်မတို့ရဲ့အသားရေကို ပျက်စီးကြမ်းတမ်းမှုကနေ ကာကွယ်ဖို့အတွက် နွေရာသီအတွင်းမှာ တစ်နေ့တာ လုပ်ဆောင်သင့်တဲ့ အသားရေထိန်းသိမ်းနည်းလမ်းညွှန်ချက်တွေကို မျှဝေပေးလိုက်ရပါတယ်။

တစ်နေ့ကို မဖြစ်မနေ မျက်နှာကို နှစ်ကြိမ်သန့်စင်ပါ

နွေရာသီမှာ သင် ကျော်လွှားမပစ်နိုင်တဲ့အရာ(၂) ခုရှိပါတယ်။ ချွေးထွက်တာနဲ့ အဆီပြန်တာပါ။ အပူချိန်က သင့်အသားရေကနေ အဆီတွေကို အဆက်မပြတ်ထုတ်လွှင့်ပေးနေစဉ်မှာပဲ ချွေးကလည်း အသားရေကို ပိုပြီးဆိုးရွားစေပါတယ်။ ရလဒ်အနေနဲ့ ဝက်ခြံပေါက်လာနိုင်ပါတယ်။ အဲဒီလို အသားရေပြဿနာကို ကာကွယ်ဖို့အတွက် တစ်နေ့ကို (၂) ကြိမ် မျက်နှာသစ်ဆေးနဲ့ သစ်ပေးသင့်ပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်။ ဒါက သင့်အသားရေကို ရေဓာတ်ပြည့်ဝနေစေမှာဖြစ်ပါတယ်။

မကြာခဏ အသားရေကို Scrub လုပ်ပေးပါ

အဆီပြန်တဲ့အသားရေနဲ့အတူ ခြောက်သွေ့ကြမ်းတမ်း၊ မွဲခြောက်တာတွေ နွေရာသီမှာဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသားရေကို Scrub လုပ်ပေးသင့်ပါတယ်။ ခြောက်သွေ့မှုနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးရုံသာမက သင့်အသားရေကို နုပျိုကျန်းမာနေစေမှာပါ။ ဒါပေမဲ့ သင့်အသားရေကို အရမ်းကြီး Scrub မလုပ်သင့်ပါဘူး။ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက် လုပ်ပေးရုံနဲ့ အဆင်ပြေပါတယ်။

တိုနာကို အသုံးပြုပါ

တိုနာက ချွေးပေါက်ကျယ်တာတွေကို ပိတ်သွားစေနိုင်ပါတယ်။ နွေရာသီမှာ အသားရေကို ချွေးပေါက်ကျယ်စေတဲ့ အဆီတွေတော်တော်ထွက်ပါတယ်။ ဒါကို ရှောင်ရှားဖို့အတွက် တိုနာကို အသုံးပြုပေးပါ။ ရှားစောင်းလက်ပက် (သို့) သခွားသီးပါဝင်တဲ့ တိုနာကို ရွေးချယ်သင့်ပါတယ်။

Moisturizer ကို အသုံးပြုပါ

နွေရာသီမှာ Moisturizer ကို လိမ်းပေးတာ အသားရေအတွက်ကောင်းပါတယ်။ SPF 30 ပါဝင်တဲ့ Moisturizer ကို သုံးမယ်ဆိုရင် သင့်အသားရေကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးသလို အသားရေကိုပျက်စီးခြင်းမရှိဘဲ ရေဓာတ်ထိန်းပေးပါတယ်။

အသားရေကို SPF တချို့နဲ့ ကာကွယ်ပါ

အရမ်းပူပြင်းတဲ့နွေရာသီမှာ အိမ်အပြင်ကို ခဏထွက်ရင်တောင် သင့်အသားရေကို နေလောင်ဒဏ်ခရင်မ်နဲ့ ကာကွယ်ပါ။ နေရောင်ခြည်က သင့်အသားရေကိုအန္တရာယ်ပေးသလို အချိန်အကြာကြီး အသားရေပျက်စီးစေပါတယ်။ နေလောင်ဒဏ်လိမ်းခရင်မ်ကို မျက်နှာရော၊ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ လိမ်းပေးသင့်ပါတယ်။

ရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပေးပါ

တစ်နေ့တာ အခြေခံအသားရေထိန်းသိမ်းနည်းတွေမှာ ရေများများသောက်တာလည်း ပါဝင်ပါတယ်။ မိန်းကလေးတော်တော်များများက အသားရေထိန်းသိမ်းဖို့အတွက် ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ကြသလို ဈေးသက်သာပြီး လုပ်ရအလွယ်ကူဆုံးနည်းဖြစ်တဲ့ ရေများများသောက်တာကိုလည်း လုပ်ပေးသင့်ပါတယ်။ ရေများများသောက်တာက ခန္ဓာကိုယ်က အဆိပ်အတောက်တွေအားလုံးကို ဖယ်ရှားပေးရုံသာမက အသားရေနူးညံ့လာအောင် ရေဓာတ်ထိန်းပေးပါတယ်။

Ref: Skin care routine to look your best this summer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top