အခုလိုပူပြင်းလှတဲ့နွေရာသီမှာ ရေအိုးက ရေကို သောက်သင့်တဲ့ အကြောင်းအရင်း

28-4-2020-yyl-029.jpg

ရေခဲသေတ္တာ၊ ရေအေးစက်တွေ အသုံးမများခင်ကဆိုရင် ရေအိုးကနေ ရေသောက်ကြရတာပါ။ အခုတော့ မြို့ကြီးပြကြီးတွေမှာ ရေအိုးမသုံးကြတော့ပေမဲ့ နယ်ဘက်တွေမှာတော့ ရေကို ရေအိုးကနေ သောက်ဖြစ်ကြတုန်းပါပဲ။ တကယ်တေ့ အခုလိုနွေရာသီမျိုးမှာ ရေအိုးထဲ ရေထည့်သောက်တဲ့ အလေ့အကျင့်ကို မွေးယူသင့်ပါတယ်။ မြေအိုးလို ရေအိုးကနေ ရေသောက်တာက ပလတ်စတစ်ဗူးတွေနေရာမှ ာအစားထိုးနိုင်သလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရှိပါတယ်။ ဒီအချက်နဲ့တင် ဘာလို့အိမ်တွေမှာ ရေအိုး အသုံးပြုသင့်လဲဆိုတာကို သဘောပေါက်နိုင်ပါတယ်။ နွေရာသီမှာ ရေအိုးက ရေကိုသောက်သုံးပေးခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

သဘာဝအအေးဓာတ်ကိုပေးစွမ်းခြင်း

ရေအိုးထဲက ရေက ရေခဲသေတ္တာမရှိခင်တုန်းကလို အေးမြတဲ့ရေကို သဘာဝအလျောက်ပေးစွမ်းနိုင်ပါတယ်။ ရေခဲသေတ္တာထဲက ရေခဲရေက ဘေးဥပါဒ်ဖြစ်စေနိုင်ပေမဲ့ ရေအိုးထဲက ရေကတော့ သဘာဝအအေးဓာတ်ရှိတဲ့အတွက် အန္တရာယ်ကင်းကင်းနဲ့ သောက်သုံးနိုင်ပါတယ်။ မြေအိုးတွေက ရေငွေ့ပျံ့အောင်လုပ်နိုင်ပြီး ရေကို အေးလာအောင် စွမ်းဆောင်နိုင်ပါတယ်။ မြေအိုးတွေက ရေစိမ့်ဝင်နိုင်တဲ့အတွက် တဖြည်းဖြည်းချင်း ရေကို အအေးဓာတ်ပေးနိုင်ပါတယ်။

လည်ချောင်းအတွက် ကောင်းခြင်း

ရေခဲသေတ္တာထဲက ရေက အရမ်းအေးလွန်းတဲ့အတွက် သဘာဝအအေးဓာတ်ပေးတဲ့ မြေအိုးထဲက ရေက နွေရာသီမှာ သောက်သုံးလို့အကောင်းဆုံးပါပဲ။ ရေခဲရေလိုမျိုး မြေအိုးထဲက ရေက လည်ချောင်းမနာစေနိုင်သလို အအေးမိ၊ ဖျားနာချောင်းဆိုးတဲ့လူတွေအတွက် အန္တရာယ်ကင်းပြီး သောက်သုံးလို့လွယ်ပါတယ်။

အပူလွန်ကဲခြင်းကို ကာကွယ်ပေးခြင်း

အပူလွန်ကဲခြင်း၊ အပူလျှပ်တာတွေက နွေရာသီမှာ လူတော်တော်များများအဖြစ်များတဲ့ပြဿနာပါပဲ။ မြေအိုးမှာ သိုလှောင်ထားတဲ့ရေကနေ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်အတွင်းက ဂလူးကို့စ်ပမာဏကို ထိန်းပေးတဲ့အပြင် သင့်ခန္ဓာကိုယ်ကိုလည်း အေးမြမှုပေးစွမ်းမှာဖြစ်ပါတယ်။

သဘာဝထုံးဓာတ်ပါဝင်ခြင်း

လူ့ခန္ဓာကိုယ်က သဘာဝအလျောက် အက်ဆစ်ဓာတ်များပြီး မြေအိုးက ထုံးဓာတ်တွေ သဘာဝအလျောက်ပါဝင်ပါတယ်။ ဒီမြေအိုးထဲကရေက အက်ဆစ်ဓာတ်ရှိတဲ့လူ့ခန္ဓာကိုယ်နဲ့ထိတွေ့လိုက်တဲ့အခါ pH ပမာဏညီမျှအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် အချဉ်ပေါက်ခြင်းနဲ့ အစားအိမ်ပြဿနာတွေ မဖြစ်အောင် မြေအိုးထဲက ရေကို သောက်သုံးပေးသင့်ပါတယ်။

ဇီဝဖြစ်စဉ်အားကောင်းစေခြင်း

ပလတ်စတစ်ဗူးထဲ သိုလှောင်ထားတဲ့ ရေကို ကျွန်တော်တို့ သောက်သုံးတဲ့အခါ BPA လို အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက် ကျွန်တော်တို့ခန္ဓာကိုယ်ကို နည်းအမျိုးမျိုးနဲ့ အန္တရာယ်ပေးပါတယ်။ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်းပမာဏကို ထိုးကျစေသလို အင်ဒိုခရိုင်းစနစ်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ သိထားကြပါတယ်။ မြေအိုးထဲက ရေကို သောက်သုံးတာက တက်စတိုစတီရုန်းပမာဏကို ညီမျှစေသလို သင့်ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုလည်း အားကောင်းစေပါတယ်။

Photos – Pinterest

Ref: 5 reasons why you must drink water from a clay pot or ‘matka’ in summers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top