ဆောင်းတွင်းကာလမှာ ကျန်းမာရေးနဲ့ညီညွှတ်စွာနေထိုင်နည်း

26-11-2020-yyl-021.jpg

တဖြည်းဖြည်းနဲ့ ဆောင်းရာသီ ဝင်လာနေပါပြီ။ ရာသီအပြောင်းအလဲကြောင့် ကူးစက်ရောဂါ၊ ဖျားနာတာ၊ ချောင်းဆိုးတာတွေဖြစ်လာနိုင်ပါတယ်။ အခုကာလက ကိုဗစ်ရောဂါကူးစက်တဲ့ကာလလည်းဖြစ်တဲ့အတွက် ဆောင်းရာသီမှာ ကျန်းမာရေးနဲ့ညီညွှတ်စွာနေထိုင်နိုင်ဖို့ ပိုပြီးအရေးကြီးနေပါတယ်။ ဆောင်းရာသီမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကို မဖြစ်ခင်က ကြိုပြီးကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ဆောင်းရာသီမှာ ကျန်းမာရေးနဲ့ညီညွှတ်စွာနေထိုင်နိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့ တစ်နေ့တာအစားအသောက်

ဆောင်းရာသီက ရာသီစာဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ ပေါများတဲ့အကောင်းဆုံးရာသီပါပဲ။ သစ်သီးဖျော်ရည်တွေကို သောက်သုံးပေးတာကလည်း ကျန်းမာရေးနဲ့ညီညွှတ်ပြီး ဇီဝဖြစ်စဉ်အားကောင်းစေပါတယ်။ သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ သဘာဝနည်းလမ်းပါပဲ။ ကိုက်လန်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီတို့လို ဟင်းသီးဟင်းရွက်တွေကလည်း အန်တီအောက်စီဒန့်ကြွယ်ဝတဲ့အတွက် တစ်နေ့တာအစားအစာမှာ ထည့်စားပေးသင့်ပါတယ်။ လိမ္မောသီး၊ ဘယ်ရီသီး၊ မာလကာသီးတွေကလည်း ဆောင်းရာသီမှာ စားသင့်တဲ့အကောင်းဆုံးအသီးတွေပါပဲ။ ဒီအသီးတွေမှာ ပါဝင်တဲ့ ဗီတာမင်စီက ဖျားနာခြင်းတွေမဖြစ်အောင် ကိုယ်ခံအားစနစ်တိုးလာစေနိုင်ပါတယ်။ တစ်နေ့တာအစားအစာမှာ ချင်း (ဂျင်း)၊ ကြက်သွန်ဖြူလို ဆေးဘက်ဝင်အပင်တွေလည်း ပါဝင်သင့်ပါတယ်။ ဒါတွေက သင့်ခန္ဓာကိုယ်ကို နွေးထွေးစေပြီး ခြေလက်ရောင်ရမ်းတာတွေမဖြစ်အောင် ကူညီပေးပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

ဆောင်းရာသီမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ တချို့တွေက ဆောင်းရာသီမှာ မနက်စောစောအိပ်ရာမထချင်ကြတဲ့အတွက် မနက်စောစောလေ့ကျင့်ခန်းလုပ်ဖို့ ပျင်းကြပါတယ်။ ဆောင်းရာသီမှာ ပျင်းရိနေလို့မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် တက်ကြွနေအောင်နေပြီး ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ပေးသင့်ပါတယ်။ ဗီတာမင်ဒီဓာတ်ရတဲ့ နေရောင်ခြည်ကလည်း အရမ်းအရေးကြီးတဲ့အတွက် နေရောင်ခြည်ခံသင့်ပါတယ်။ ဘယ်မှသွားစရာမလိုဘဲ သင်နေထိုင်ရာအိမ်ရဲ့ နေရောင်ခြည်ရနိုင်တဲ့နေရာမှာ ယောဂကျင့်ပေးလို့လည်းရပါတယ်။ ဒါက သင့်ကို အချမ်းဓာတ်တွေပြေစေပြီး နွေးထွေးစေကာ ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုကောင်းစေပါလိမ့်မယ်။

ရေဓာတ်ပြည့်ဝစွာ နေပါ

ဆောင်းရာသီမှာ ရေလုံလုံလောက်လောက်သောက်ဖို့ မေ့တတ်ကြပါတယ်။ ဆောင်းရာသီမှာ မကြာခဏဆီးသွားတတ်တဲ့အတွက် ရေဓာတ်ကုန်ခန်းခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာလိုအပ်တဲ့ရေပမာဏဖြစ်အောင် ရေသောက်ပေးသင့်ပါတယ်။ Green Tea, ရေနွေးကြမ်းတို့ကိုလည်း သောက်ပေးလို့ရပါတယ်။ ဒါတွေက သင့်ကို အချမ်းပြေစေပြီး အနွေးဓာတ်လည်း ရစေပါလိမ့်မယ်။

မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်ရှိပါစေ

ဆောင်းရာသီမှာလည်း ရာသီအလိုက် စိတ်ဓာတ်ကျတာတွေကို လူတော်တော်များများ ကြုံတွေ့ရနိုင်ပါတယ်။ တစ်ယောက်တည်းမဖြစ်အောင် မိသားစု၊ သူငယ်ချင်းတွေနဲ့ စကားပြောပေးပါ။ ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့အတွက် လူတွေနဲ့ နီးနီးကပ်ကပ်နေလို့မရတဲ့အတွက် Social Distancing ကိုလည်း စိတ်ထဲမှာမှတ်ထားသင့်ပါတယ်။ တစ်ယေက်တည်းစိတ်ဓာတ်ကျတာတွေမဖြစ်အောင် အွန်လိုင်းကနေ Video Call နဲ့ ခေါ်ပြီး သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးနေပေးသင့်ပါတယ်။

Ref: Here are a few tips to keep yourself healthy amidst winters

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top