Stay Home ကာလအတွင်းမှာ မျက်ကွင်းညိုတာမပျောက်ဖြစ်နေပါသလား

22-5-2020-yyl-001.jpg

လက်ရှိအခြေအနေတွေကြောင့် ကျွန်မတို့တွေ အိမ်ထဲမှာပဲနေပြီး ဖုန်းသုံးတာ၊ တီဗီကြည့်တာ၊ လက်တော့စ်သုံးတာတွေထက် အခြားဘာမှလုပ်စရာမရှိဖြစ်နေကြတာပါ။ Lockdown က ကျွန်မတို့ရဲ့လူနေမှုပုံစံကိုပြောင်းလဲသွားစေပြီး လူနေမှုဘဝအတွက် အရေးကြီးတဲ့အရာတွေကိုလုပ်ဖို့ လျစ်လျူရှုမိနေတတ်ကြပါတယ်။ ကျွန်မတို့တွေက ဒစ်ဂျစ်တယ်ပစ္စည်းတွေကို အရမ်းသုံးမိနေရင်း ကျွန်မတို့ရဲ့အိပ်ချိန်စက်ဝိုင်းက ပြောင်းလဲသွားပါပြီ။ ကျွန်မတို့ရဲ့အချိန်တော်တော်များများလည်း အဲဒါတွေသုံးရင်းနဲ့အချိန်ကုန်နေပြီး စားချိန်သောက်ချိန်တွေလည်းမမှန်၊ တစ်ချိန်လုံး စားချင်သောက်ချင်စိတ်တွေဖြစ်နေကြရပါတယ်။ အဲဒါက ကျန်းမာရေးကိုထိခိုက်စေရုံသာမက ကျွန်မတို့ရဲ့အသားရေကိုလည်းပျက်စီးစေနိုင်ပါတယ်။

မျက်ကွင်းညိုတာကလည်း ပုံမှန်မဟုတ်တဲ့နေ့စဉ်အလေ့အထတွေကြောင့် ဖြစ်လာတဲ့ အသားရေပြဿနာတွေထဲတစ်ခုဖြစ်ပါတယ်။ ကော်တီဆုန်း (Cortisol)က သင့်ခန္ဓာကိုယ်ရဲ့အဓိကစိတ်ဖိစီးမှုဟော်မုန်းတစ်ခုပါ။ အဲဒီဟော်မုန်းက စိတ်ခံစားချက်၊ အကြောက်တရား၊ စိတ်ဓာတ်ခွန်အားတွေကိုထိန်းချုပ်ဖို့အတွက် ဦးနှောက်ရဲ့အစိတ်အပိုင်းတွေနဲ့ လုပ်ဆောင်ပါတယ်။ ဖုန်းအသုံးများရင်၊ အိပ်ချိန်မမှန်ရင် ကော်တီဆုန်းပမာဏက တိုးလာပြီး ထိုင်းမှိုင်းပြီး လုပ်ချင်ကိုင်ချစ်စိတ်မရှိဖြစ်စေပါတယ်။ ဒါက အစာစားချင်စိတ်မရှိဖြစ်စေတဲ့အပြင် မျက်ကွင်းညိုတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ မျက်ကွင်းညိုတာတွေ မပျောက်ဖြစ်ရင်တော့ အောက်ကနည်းလမ်းတချို့ကိုလိုက်နာကြည့်သင့်ပါတယ်။

Drink plenty of water

ရေများများသောက်ပါ

ရေက အသားရေပြဿနာများအားလုံးအတွက် သော့ချက်ဖြစ်ပါတယ်။ အိပ်ပျော်ရခက်နေရင် မျက်ကွင်းညိုတဲ့ အသားရေပြဿနာတွေဖြစ်နေရင် ရေသောက်ပေးတာက အကောင်းဆုံးကုသနည်းပါပဲ။ ခန္ဓာကိုယ်အဆိပ်အတောက်တွေအားလုံးကို ဖယ်ရှားပေးရုံသာမက မျက်ကွင်းတစ်ဝိုက်က ညိုမဲနေတာတွေကိုလည်း လျော့ချပေးပါတယ်။ ဒါကြောင့် သင့်ဘဝကို ပုံမှန်ပြန်ဖြစ်စေတဲ့ အလွယ်ကူဆုံးနည်းက ရေများများသောက်ဖို့ပါပဲ။

ရေခဲအိတ်ကပ်ပါ

မျက်စိညောင်းနေပေမဲ့ ကောင်းကောင်းအိပ်မရဘူးဆိုရင် ရေခဲအိတ်ကပ်ပေးတာနဲ့ ကိုယ့်ကိုယ်ကို ကူညီပေးရပါမယ်။ အဝတ်စထဲကို ရေခဲအနည်းငယ်ထည့်ပြီး မျက်လုံးတစ်ဝိုက်ကို ဖိကပ်ပေးပါ။ ရေအေးထဲကို လက်ဖက်ခြောက်အိတ်စိမ်ပြီး မျက်လုံးပေါ်တင်ထားပေးပါ။ မျက်စိညောင်းတာသက်သာသွားစေပြီး မျက်ကွင်းညိုတာကိုလည်း လျော့ချပေးမှာဖြစ်ပါတယ်။

ယောဂနဲ့တရားထိုင်ပါ

စိတ်ဖိစီးမှုက အိပ်ရေးပျက်တဲ့ညတွေများလို့ဖြစ်ရတဲ့ အကြောင်းအရငတွေထဲက တစ်ခုပါ။ ဒါ့အပြင် မျက်ကွင်းညိုတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ယောဂကျင့်တာနဲ့ တရားထိုင်တာက စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး အိပ်မပျော်တာကို ပြေလျော့ပေးတဲ့အပြင် မျက်ကွင်းညိုတာကိုလည်း လျော့ချပေးမှာဖြစ်ပါတယ်။

အိပ်စက်ချိန် ၈ နာရီရှိပါစေ

အိပ်ချိန်မမှန်တာကလည်း မျက်ကွင်းညိုတာ၊ မျက်အိတ်ကြီးတာတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် မျက်ကွင်းညိုတာကို ဖယ်ရှားပေးဖို့ အလွယ်ကူဆုံးနဲ့သဘာဝအကျဆုံးနည်းလမ်းက တစ်နေ့ကို ၈ နာရီအိပ်စက်ပေးဖို့ပါပဲ။ ကောင်းကောင်းအနားယူတာကလည်း ခန္ဓာကိုယ်မှာ သက်တောင့်သက်သာမဖြစ်တာတွေအားလုံးကို ဖယ်ရှားပေးရုံသာမက အသားရေကိုလည်း ကြည်လင်စေမှာဖြစ်ပါတယ်။

Ref: Here’s why you can’t get rid of your dark circles during quarantine

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top