မီးလောင်နေတဲ့အိမ်ထဲကနေ လူ ၅ ယောက်ကို အသက်ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်း

20-7-2022-01.jpg

မီးလောင်နေတဲ့ အိမ်ထဲက ကလေးငယ် ၄ ယောက်နဲ့ ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ကယ်တင်ပေးနိုင်ခဲ့လို့ အင်ဒီယားနားပြည်နယ်က အမျိုးသားတစ်ယောက်ဟာ သူရဲကောင်းအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ နစ်ဘိုစတစ်ဟာ နံနက် ၀၀း၃၀ အချိန်မှာ ကားမောင်းရင်း အိမ်ပြန်နေတုန်း အိမ်တစ်လုံးကနေ မီးခိုးတွေ ထွက်လာတာ လှမ်းမြင်လိုက်တာပါ။

” လသာဆောင်ကနေ မီးခိုးတွေ လှမ်းမြင်လိုက်လို့ ဘရိတ်ဆောင့်နင်းပြီး ကားကို လမ်းဘေး ကပ်ရပ်လိုက်တယ်။ အိမ်ဝန်းထဲ ပြေးဝင်သွားပြီး အထဲမှာ လူရှိလားလို့ အော်လိုက်တာပေါ့” လို့ နစ်ဘိုစတစ်က ဆိုပါတယ်။ အိမ်ထဲ ပြေးဝင်သွားချိန်မှာ လူ ၄ ယောက် တွေ့လို့ သူတို့ကို ဘေးကင်းရာ ပို့ပေးခဲ့တယ်။ ဒါပေမဲ့ ကလေးတစ်ယောက် ပျောက်နေသေးတယ်ဆိုလို့ ဘိုစတစ်က အိမ်ထဲကို နောက်တစ်ခေါက် ထပ်ပြေးသွားခဲ့တယ်။

” မီးခိုးတွေ အူထွက်နေတာ ပိန်းပိတ်နေတာပဲ။ အပူဒဏ်ကလည်း တော်တော်ပြင်းတယ်။ ဒါပေမဲ့ ငိုသံသဲ့သဲ့ကြားလို့ သွားကြည့်တော့ ကလေးကို တွေ့တယ်” လို့ ဘိုစတစ်က ဆိုပါတယ်။ သူက ကလေးကို ဆွဲပွေ့ပြီး ဒုတိယထပ် ပြတင်းပေါက်ကနေ ခုန်ချခဲ့တာပါ။

ဘိုစတစ်ရဲ့ ကယ်တင်ပေးမှုကြောင့် ဒီဖြစ်ရပ်မှာ မိသားစုဝင် ၅ ယောက်လုံး ထိခိုက်ဒဏ်ရာ ရခဲ့ခြင်း မရှိပါဘူး။ သူ့လုပ်ရပ်က သူရဲကောင်းဆန်ပေမဲ့ ဘိုစတစ်ကတော့ သူ့ကိုယ်သူ သူရဲကောင်းလို့ မခံယူဘဲ လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးခဲ့တဲ့ သာမန်လူတစ်ယောက်အဖြစ်ပဲ ခံယူတယ်လို့ ဘိုစတစ်က ဆိုပါတယ်။ သူ ကယ်တင်ပေးခဲ့တဲ့ မိသားစုနဲ့ သိပ်မကြာခင် ပြန်ဆုံစည်းဖို့ ဘိုစတစ်က မျှော်လင့်နေပါတယ်။

Ref: Hero Saves 4 Young Kids And Teenager From House Fire In Indiana

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top