မြောင်းနက်ထဲ ပြုတ်ကျနေတဲ့ ဆင်သားပေါက်လေးကို ကယ်တင်နိုင်ခဲ့

15-7-2022-22.jpg

မြောင်းနက်ထဲကနေ ကယ်တင်နိုင်ခဲ့တဲ့ ဆင်သားပေါက်လေး

ထိုင်းနိုင်ငံမှာ မြောင်းနက်ထဲ ပြုတ်ကျသွားတဲ့ ဆင်သားပေါက်လေးကို သားရဲတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေက ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဗုဒ္ဒဟူးနေ့ နံနက်အစောပိုင်းက နာခွန်နာယော့ပြည်နယ် Royal Hills ဂေါ့ဖ်ကွင်း အစွန်ကို ဆင်အုပ်လိုက် ဖြတ်သွားနေတုန်း ဆင်သားပေါက်လေး မြောင်းနက်ထဲ ပြုတ်ကျသွားခဲ့တာပါ။

မြောင်းနက်ထဲ ကျနေတဲ့ ဆင်သားပေါက်လေ

ဆင်သားပေါက်လေး မြောင်းနက်ထဲ ကျသွားချိန်မှာ ဆင်မကြီးက ဆင်အုပ်ထဲကနေ ချန်နေရစ်ခဲ့ပြီး သူ့သားကို ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီမြင်ကွင်းကို လမ်းသွားလမ်းလာတစ်ယောက်က မြင်တွေ့ပြီး သားရဲတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေထံ ဆက်သွယ်အကြောင်းကြားခဲ့တာပါ။

မြောင်းနက်ထဲကနေ ကျနေတဲ့ ဆင်သားပေါက်လေးကို ဆင်မကြီးက ကယ်ဖို့ကြိုးစားနေ

ဒါပေမဲ့ ဆင်မကြီးက မြောင်းပေါက်ဝမှာ ရှိနေလို့ သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူတွေက ကယ်ဆယ်ရေးလုပ်ငန်း မဆောင်ရွက်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာ ဆင်မကြီးကို မေ့ဆေးသေနတ်နဲ့ပစ်၊ ဝန်ချီစက်နဲ့ နေရာရွှေ့ပြောင်းပြီးမှ ဆင်သားပေါက်လေးကို ကယ်တင်နိုင်ခဲ့တာပါ။ ဆင်သားအမိနှစ်ကောင်လုံး သစ်တောထဲကို ဘေးကင်းလုံခြုံစွာ ပြန်သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ဆင်သားပေါက်လေးတစ်ကောင် ရေတံခွန်ထဲပြုတ်ကျသွားတာကို ကယ်တင်ဖို့ ကြိုးစားရင်း ဆင် ၁၁ ကောင် ရေထဲပြုတ်ကျသေဆုံးခဲ့ဖူးပါတယ်။

Ref: Baby elephant pulled from manhole in dramatic rescue in Thailand

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top