ဇာတ်နာမယ့် ဇာတ်ရုပ်နဲ့ လီယောင်အေး (ချန်ဂင်) ကို ပရိသတ်တွေ မြင်တွေ့ရမယ်

14.8.23-yyl-15.jpg

“ချန်ဂင်” အဖြစ် မြန်မာပရိသတ်တွေကြား လူသိများတဲ့ ကိုရီးယားမင်းသမီးကြီး လီယောင်အေးဟာ “Eunsoo Good Day” ဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်တော့မှာပါ။ အဓိကဇာတ်ကောင်အဖြစ် ရွေးချယ်ခံရတယ်ဆိုတာကို ဩဂုတ်လ ၁၄ ရက်နေ့မှာ သတင်းထွက်ရှိလာခဲ့တာပါ။ လီယောင်အေးရဲ့အေဂျင်စီကတော့ မင်းသမီးဟာ ဒီဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းချက်ရပြီးတဲ့နောက်မှာ သုံးသပ်အကဲဖြတ်နေတယ်လို့ ဖြေကြားထားပါတယ်။

“Eunsu Good Day” ဇာတ်လမ်းတွဲက နာမကျန်းဖြစ်နေတဲ့ ခင်ပွန်းကို ပြုစုပေးနေရတဲ့ အသက် ၄၀ အရွယ် အိမ်ထောင်ရှင်မတစ်ဦးအကြောင်းပါ။ အမျိုးသမီးဇာတ်ကောင်က တစ်နေ့မှာ လမ်းပေါ်ကျနေတဲ့ မူးယစ်ဆေးကို မတော်တဆကောက်ယူမိသွားတာကနေ သူ့ရဲ့ဘဝပြောင်းလဲသွားခဲ့ရတဲ့ဇာတ်လမ်းမျိုးပါ။

လက်ရှိမှာတော့ လီယောင်အေးက တယောတီးဝိုင်းခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ Maestra ဇာတ်လမ်းတွဲအသစ်ကို ရိုက်ကူးနေပါတယ်။

Ref: Lee Young Ae to come back as protagonist of “Eunsoo Good Day”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top