လှိုင်းလုံးကြီးတွေကြားကနေ ညီရဲ့အသက်ကို ကယ်တင်ခဲ့လို့ မောင့်ဘက်တန်ဆု ရခဲ့တဲ့ ၁၄ နှစ်သား

28.7.23-yyl-9.jpg

နယူးဇီလန်နိုင်ငံက ၁၄ နှစ်သားလေးဟာ မောင့်ဘက်တန်ဆုရသူတွေထဲမှာ အသက်အငယ်ဆုံးပဲ။ မောင့်ဘက်တန်ဆုဆိုတာ လူဦးရေ ၂ ဘီလျံကျော်ရှိတဲ့ ဓနသဟာယအဖွဲ့ဝင် နိုင်ငံ ၅၆ နိုင်ငံအနက် တစ်နှစ်ကို တစ်ယောက်ကို ချီးမြှင့်တဲ့ ဆုပါ။

မနှစ်တုန်းက South Otago ဒေသ၊ ချရီစတောကမ်းခြေမှာ ၁၀ ပေလောက် မြင့်တဲ့ လှိုင်းလုံးကြီးတွေက သူ့ညီလေးကို ပင်လယ်ထဲ ဆွဲချသွားချိန် သူရဲကောင်းလေး ကယ်လ်ယာဂါမေ့က လှိုင်းလုံးကြီးတွေကို အံ့တုပြီး သူ့ညီအသက်ကို ကယ်တင်ခဲ့တာပါ။ ကယ်လ်ယာဂါမေ့က ပင်လယ်ထဲ ပြေးဆင်းမသွားခင် သူ့အမေကို စကားတစ်ခွန်း ပြောခဲ့သေးတယ်။ ” ကျွန်တော် သွားပြီ အမေ။ အမေ့ဆီ ပြန်လာနိုင်ချင်မှ ပြန်လာနိုင်လိမ့်မယ်”လို့ ပြောပြီး ပင်လယ်ထဲ ပြေးဆင်းသွားခဲ့တာပါ။

၁၂ နှစ်အရွယ်ရှိတဲ့ ညီငယ်လေး ကစ်သမီက ရေကူးတော်တဲ့ ကလေးပါ။ ဒါပေမဲ့ လှိုင်းလုံးကြီးတွေကြောင့် ကမ်းခြေကို ပြန်ရောက်အောင် မကူးနိုင်ဘူး။ ကမ်းခြေကနေ ပေ ၁၈၀ လောက် ဝေးတဲ့နေရာကို မျောပါနေပြီ။ အဲဒီနေရာအထိ မျောပါသွားရင် ဘယ်သူမှ အသက်ရှင်နိုင်ဖို့ မရှိဘူးလို့ တော်ဝင်ကယ်ဆယ်ရေးအဖွဲ့အစည်း (Royal Life Saving Society)ကတောင် မှတ်ချက်ပေးခဲ့ဖူးတယ်။

ဒါပေမဲ့ အစ်ကိုဖြစ်သူရဲ့ ရဲစွမ်းသတ္တိကြောင့် ကစ်သမီ အသက်ရှင်ခဲ့တာပါ။ သူ တက်နေတဲ့ အထက်တန်းကျောင်းက တာဝန်ရှိသူတွေကရော၊ ကီဝီပြည်နယ်အစိုးရကပါ ကယ်လ်ယာဂါမေ့ရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးဂုဏ်ပြုခဲ့ကြတယ်။ သူက ကြီးလာရင်တော့ စီးပွားရေးလုပ်ငန်း လုပ်ရင် လုပ်၊ အဲဒီလိုမှ မဟုတ်ရင်တော့ အင်ဂျင်နီယာ ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

Ref: Hero Teen Saves Brother Being Swept Away: ‘Mom…I Might Not Be Back’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top