လူ ၁၇ ဦး သေဆုံးခဲ့ရတဲ့ ဖလော်ရီဒါပြည်နယ် အထက်တန်းကျောင်း ပစ်ခတ်မှု

florida-high-school-shooting.jpg

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပက်လန်မြို့ရှိ အထက်တန်းကျောင်းမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် အနည်းဆုံး ၁၇ ဦးသေဆုံးသွားခဲ့ ပါတယ်။ သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်တယ်လို့ သံသယရှိခံရသူဟာ

အသက် ၁၉ နှစ် အရွယ်ရှိ နီကိုလက်ခရုဇ် (Nikolas Cruz) ဖြစ်ပြီး ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားဟောင်း တစ်ဦး ဖြစ်ပါတယ်။ ခရုဇ်ဟာ ကျောင်းဝင်းထဲ ပစ်ခတ်မူတွေ မလုပ်ခင် ကျောင်း အပြင်ဘက်မှာ ပစ်ခတ်မှုလုပ်ခဲ့ရာ သုံးဦးသေဆုံးသွားခဲ့ပါတယ်။ အခုတိုက်ခိုက်မှုဟာ ၂၀၁၂ ခုနှစ်က Connecticut စာသင်ကျောင်းအတွင်း ကလေး ၂၆ဦး သေဆုံးစေခဲ့တဲ့ ပစ်ခတ်မူဖြစ်ခဲ့ပြီးနောက် သေဆုံးမှု အများဆုံးဖြစ်ခဲ့ရတဲ့ ကျောင်းတွင်းပစ်ခတ်မှု တစ်ခု ဖြစ်စေခဲ့ပါတယ်။ ခရုဇ်ဟာ .223 caliber AR-15 မောင်းပြန် ရိုင်ဖယ်ကို အသုံးပြုခဲ့ပြီး ကျောင်းအပြင်ဘက်မှာ ပစ်ခတ်ချိန်မှာ ကျောင်းသား ၃ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ခရုဇ်ဟာ စာသင်ကျောင်းထဲကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကျောင်းသား ၁၂ဦး ထပ်မံသေဆုံးခဲ့ရပါတယ်။ ဆေးရုံပို့ဆောင်ပြီးမှ နောက်ထပ်နှစ်ဦး သေဆုံးသွားခဲ့တယ်လို့ အမေရိကန် အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။ Broward ကောင်တီမှ တရားဥပဒေစိုးမိုးရေး အရာရှိ Scott Israel က စာသင်ကျောင်းအတွင်း ပစ်ခတ်မှုဟာ ရုတ်တရက်ကျရောက်တဲ့ ဘေးဆိုးတစ်ခုဖြစ်ပြီး ပြောစရာ စကားလုံးတောင် မရှိဘူးလို့ ပြောခဲ့ပါတယ်။

Broward ကောင်တီဆေးရုံရှိ ဒေါက်တာ အီဗန်ဘိုရာက ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ပြုစုကုသဖို့အတွက် ဆေးရုံကို လူ ၁၇ဦး တင်ပို့ခဲ့ရပြီးအဲဒီတင်ပို့ သူတွေထဲမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့သူ ခရုဇ်လည်းပါဝင်ခဲ့ကာ နောက်ပိုင်းမှာ ရဲအချုပ်ကို ပြန်လွှဲပြောင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဆေးရုံကိုရောက်ရှိခဲ့သူတွေထဲက ၃ဦးဟာ အရေးပေါ် အခြေနေမျိုးဖြစ်ပြီး အခြား သုံးဦးကတော့ အခြေနေတည်ငြိမ်မှု ရှိနေတယ်လို့ သိရပါတယ်။

Ref: BBC News: Florida shooting: At least 17 dead in high school attack

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top