COVID-19 နဲ့ ပတ်သက်ပြီး ပထမဆုံးသွေးအတွင်းအသားဓာတ် စစ်ဆေးဖို့ အမေရိကန် FDA က ခွင့်ပြုလိုက်ပြီ

2-4-2020-yyl-042.jpg

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (FDA) က တစ်စုံတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလား၊ မရလားဆိုတာကို ဆုံးဖြတ်ပေးနိုင်တဲ့ ပထမဆုံးသွေးစမ်းသပ်စစ်ဆေးမှုကို လုပ်ပိုင်ခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။ Serology Test လို့ လူသိများတဲ့ဒီစစ်ဆေးမှုအမျိုးအစားဟာ သွေးအတွင်းက အသားဓာတ်တွေကို ရှာဖွေမှာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို Cellex Inc ဆေးဝါးကုမ္ပဏီက အကောင်အတည်ဖော်မှာဖြစ်ပြီး ဒီစစ်ဆေးမှုက ဗိုင်းရပ်စ်တွေက ဘယ်လိုပျံ့နှံံ့တယ်၊ လူနာတွေပြန်ကောင်းလာပြီးတဲ့နောက်မှာ ကိုယ်ခံအားစနစ် ဘယ်လောက်ကြာကြာရှိနေမလဲဆိုတာကို နားလည်ဖို့အတွက် သုတေသီတွေကို အကူအညီဖြစ်စေမှာဖြစ်တယ်လို့ Cellex Inc ကပြောပါတယ်။ ဒါက ခံနိုင်ရည်တဲ့လူတွေကို အိမ်ပြန်လွှတ်ဖို့နဲ့ သူတို့ အလုပ်ပြန်လုပ်ကိုင်နိုင်ဖို့အပြင် သူတို့ရဲ့ကိုယ်ခံစွမ်းအားကို ကျန်းမာရေးဝန်ထမ်းတွေ ဆုံးဖြတ်နိုင်ဖို့အတွက်လည်း အရေးကြီးတယ်လို့ သိရပါတယ်။

အရင်တုန်းကတော့ FDA က ကိုရိုနာဗိုင်းရပ်ခံစားနေရတဲ့သူရဲ့သွေးအတွင်း အသားဓာတ်စစ်ဆေးမှုကို လုပ်ဆောင်ဖို့ ခွင့်မပြုခဲ့ပါဘူး။ သွေးအတွင်း အသားဓာတ်တွေ ပေါ်လာဖို့အတွက် အချိန်ယူရတဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ ခွင့်ပြုချက်ရဖို့ လုပ်ဆောင်ခြင်းအားဖြင့် အေဂျင်စီက ကောင်းတဲ့ရလဒ်တွေရလာမယ်လို့ ယုံကြည်ကြောင်း ထောက်ပြခဲ့ပါတယ်။ FDA ဆီရောက်လာတဲ့ သုတေသနပြုချက်တွေ အားလုံးပေါ်အခြေခံပြီး Cellexရဲ့ ထုတ်ကုန်တွေက COVID-19 ကူးစက်ခံရမှုအတွက် ထိရောက်မှုရှိနိုင်တယ်လို့ ယုံကြည်ဖို့ ကျိုးကြောင်းဆီလျော်မှုရှိပါတယ်လို့ FDA ရဲ့သုတေသနခေါင်းဆောင် ဒီနစ် ဟင်တန် က Cellexရဲ့ စီအီးအို ဂျိန်းလီဆီ စာတစ်စောင် ရေးသားခဲ့ပြီး ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။

စစ်ဆေးမှုမှာ နှာခေါင်းလည်ချောင်း သလိပ်နမူနာပါဝင်ပြီး တစ်စုံတစ်ယောက်က လက်ရှိ ကူးစက်ခံနေရလားဆိုတာ သိရဖို့ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇကို ဖော်ထုတ်ဖို့ ကြိုးစားကြည့်မှာဖြစ်ပါတယ်။ ဒီစစ်ဆေးနည်းအသစ်ဟာ သွေးပြန်ကြောကနေတဆင့် စုဆောင်းထားတဲ့သွေးကို လိုအပ်ပြီး ထောက်ခံချက်ရရှိထားတဲ့ ဓာတ်ခွဲခန်းမှာသာ ဓာတ်ခွဲကြည့်လို့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ သွေးအတွင်း အသားဓာတ် (ပဋိပစ္စည်း)တွေကို ပထမဆုံးကူးစက်ခံရပြီးနောက် ရက်တော်တော်ကြာရင် သွေးအတွင်းမှာ ရှာတွေ့နိုင်တယ်လို့ FDA အရ သိရပါတယ်။ The Centers for Disease Control and Prevention ကလည်း ရောဂါလက္ခဏာမပြတဲ့၊ အရမ်းကြီးမပြင်းထန်တဲ့ လူတွေရဲ့ သွေးအတွင်းက အသားဓာတ်ကို ရှာဖွေနိုင်ဖို့ Serology test လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အမေရိကန်မှာ COVID-19 ကူးစက်ခံရသူဦးရေ (၂၄၅,၀၈၈)၊ သေဆုံးသူဦးရေ (၆,၀၇၅) ရှိနေပြီဖြစ်ပါတယ်။

Ref: FDA gives emergency approval to first coronavirus blood test that can detect when people have become immune to the infection amid hopes they can return to work and ‘jump start the economy’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top